
ဘာစီလိုနာနည်းပြဇာဗီးကမန်ချက်စတာယူနိုက်တက်နှင့်ရင်ဆိုင်ကစားရမဲ့ ယူရိုပါလိဂ်ရှုံးထွက်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်မတိုင်မီအရေးပါတဲ့က စားသမားနှစ်ဦးရဲ့ကြံ့ခိုင်မှုပိုင်းနှင့်ပတ်သက်ပြီးစိုးရိမ်ရတဲ့အနေအထားတွင်ရှိနေကြောင်းဖွင့်ဟလာပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကနူးကမ့်တွင်နှစ်ဂိုးစီသရေကျပြီးနောက်ယူနိုက်တက်ဟာလာမယ့်ကြာသပတေးနေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာဘာစီလိုနာကိုဒုတိယအကျော့ပွဲစဉ်အဖြစ်ဧည့်ခံကစားရပါမယ်။
ယူနိုက်တက်ဟာပထမအကျော့တုန်းကနှစ်ဂိုးစီသရေကျကစားနိုင်ခဲ့တာကြောင့်ဒုတိယအကျော့ကိုအိမ်ကွင်းမှာကစားရမှာဖြစ်လို့အခွင့်အရေးကောင်းပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင်ယူနိုက်တက်တွင်ပထမအကျော့တုန်းကလွဲချော်ခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်နှင့်မာဆယ်ဆာဘစ်ဇာတို့လည်းပါဝင်လာပါမယ်။
တဖက်တွင်ဇာဗီးရဲ့ဘာစီလိုနာမှာတော့လူစုံတက်စုံပါဝင်နိုင်ဖို့မရှိပါဘူး။ဂါဗီ ပွဲပယ်ခံထားရသလိုပီဒရီမှာလည်းပထမအကျော့တုန်းကဒဏ်ရာရရှိခဲ့လို့ ဒုတိယအကျော့ပွဲကိုလွဲပါမယ်။
အသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်ခြေကျင်းဝတ်ဒဏ်ရာမှပြန်လည်ကောင်းမွန်လာလို့ပြန်လည်ပါဝင်လာမယ်ဆိုပေမဲ့အခြားအရေးပါတဲ့က စားသမားနှစ်ဦးအတွက်စိုးရိမ်နေရပါတယ်။
ဘာစီလိုနာရဲ့ဖရန်ကီဒီဂျောင်နှင့်ရောဘတ်လီဝန်ဒေါ့စကီးတို့ရဲ့ကြံ့ခိုင်မှုပိုင်းစိုးရိမ်နေရတာဖြစ်ပါတယ်။၎င်းတို့နှစ်ဦးလုံးဒဏ်ရာရရှိနေတာမဟုတ်ပေမဲ့လည်းပွဲပန်းမှုဒဏ်ခံနေရတာဖြစ်ပါတယ်။
ဇာဗီးဟာဖရန်ကီဒီဂျောင်ရဲ့နေရာမှာဘက်စကွက်နှင့်အစားထိုးနိုင်ပေမဲ့လည်းလီဝန်ဒေါ့စကီးကိုသာဆုံးရှုံးရပါကတိုက်စစ်အတွက်စိုးရိမ်လာရပါမယ်။ပိုလန်တိုက်စစ်မှူးဟာယခုရာသီတွင်ဘာစီလိုနာအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၄ဂိုးသွင်းထားသူဖြစ်ပါတယ်။
ZawGyi
ယူႏိုက္တက္ႏွင့္ပြဲမတိုင္မီ အေရးပါတဲ့ ကစားသမားႏွစ္ဦးရဲ႕ႀကံ့ခိုင္ေရးအေပၚ စိုးရိမ္ေနရတဲ့ ဘာစီလိုနာ
ဘာစီလိုနာနည္းျပဇာဗီးကမန္ခ်က္စတာယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရမဲ့ ယူ႐ိုပါလိဂ္ရႈံးထြက္ပေလးေအာ့ဖ္ဒုတိယအေက်ာ့ပြဲစဥ္မတိုင္မီအေရးပါတဲ့ကစားသမားႏွစ္ဦးရဲ႕ႀကံ့ခိုင္မႈပိုင္းႏွင့္ပတ္သက္ၿပီးစိုးရိမ္ရတဲ့အေနအထားတြင္ရွိေနေၾကာင္းဖြင့္ဟလာပါတယ္။
ၿပီးခဲ့တဲ့အပတ္တုန္းကႏူးကမ့္တြင္ႏွစ္ဂိုးစီသေရက်ၿပီးေနာက္ယူႏိုက္တက္ဟာလာမယ့္ၾကာသပေတးေန႔တြင္အိုးထရက္ဖို႔ဒ္ကြင္းမွာဘာစီလိုနာကိုဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ဧည့္ခံကစားရပါမယ္။
ယူႏိုက္တက္ဟာပထမအေက်ာ့တုန္းကႏွစ္ဂိုးစီသေရက်ကစားႏိုင္ခဲ့တာေၾကာင့္ဒုတိယအေက်ာ့ကိုအိမ္ကြင္းမွာကစားရမွာျဖစ္လို႔အခြင့္အေရးေကာင္းပိုင္ဆိုင္ထားပါတယ္။
ဒါ့အျပင္ယူႏိုက္တက္တြင္ပထမအေက်ာ့တုန္းကလြဲေခ်ာ္ခဲ့တဲ့ လီဆန္ဒ႐ိုမာတီနက္ဇ္ႏွင့္မာဆယ္ဆာဘစ္ဇာတို႔လည္းပါဝင္လာပါမယ္။
တဖက္တြင္ဇာဗီးရဲ႕ဘာစီလိုနာမွာေတာ့လူစုံတက္စုံပါဝင္ႏိုင္ဖို႔မရွိပါဘူး။ဂါဗီ ပြဲပယ္ခံထားရသလိုပီဒရီမွာလည္းပထမအေက်ာ့တုန္းကဒဏ္ရာရရွိခဲ့လို႔ ဒုတိယအေက်ာ့ပြဲကိုလြဲပါမယ္။
အသင္းေခါင္းေဆာင္ဆာဂ်ီယိုဘက္စကြက္ ေျခက်င္းဝတ္ဒဏ္ရာမွျပန္လည္ေကာင္းမြန္လာလို႔ျပန္လည္ပါဝင္လာမယ္ဆိုေပမဲ့အျခားအေရးပါတဲ့ ကစားသမားႏွစ္ဦးအတြက္စိုးရိမ္ေနရပါတယ္။
ဘာစီလိုနာရဲ႕ဖရန္ကီဒီေဂ်ာင္ႏွင့္ေရာဘတ္လီဝန္ေဒါ့စကီးတို႔ရဲ႕ႀကံ့ခိုင္မႈပိုင္းစိုးရိမ္ေနရတာျဖစ္ပါတယ္။၎တို႔ႏွစ္ဦးလုံးဒဏ္ရာရရွိေနတာမဟုတ္ေပမဲ့လည္းပြဲပန္းမႈဒဏ္ခံေနရတာျဖစ္ပါတယ္။
ဇာဗီးဟာဖရန္ကီဒီေဂ်ာင္ရဲ႕ေနရာမွာဘက္စကြက္ႏွင့္အစားထိုးႏိုင္ေပမဲ့လည္းလီဝန္ေဒါ့စကီးကိုသာဆုံးရႈံးရပါကတိုက္စစ္အတြက္စိုးရိမ္လာရပါမယ္။ပိုလန္တိုက္စစ္မႉးဟာယခုရာသီတြင္ဘာစီလိုနာအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၄ဂိုးသြင္းထားသူျဖစ္ပါတယ္။