”ဒီတစ်ပွဲလည်း ထပ်မံလက်ရှောင်ထားကြပါဦး”

ဗုဒ္ဓဟူးည စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်(ဒု-အကျော့) ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ နှင့် ဆီဗီလာ (ည ၂:၃၀)(သတိုး- မှော်ဘီ)

ဆီဗီလာကွင်းမှာကစားတဲ့ပထမအကျော့တုန်းက ဘာစီလိုနာ ၂-၀ဂိုးနဲ့အရေးနိမ့်ခဲ့ရတယ်။ဒါကြောင့်နောက်တစ်ဆင့်တက်ရေးအတွက်အနိမ့်ဆုံး ၃ဂိုးပြတ် ပြန်လည်အနိုင်ယူမှရမှာပါ။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာလည်းပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးထားလို့ နောက်တစ်ဆင့်တက်ရေးမရေရာဖြစ်နေပြီးလာလီဂါမှာဆိုရင်လည်းထိပ်ဆုံးက အက်သလက်တီကိုရဲ့၅မှတ်ဖြတ်ခြင်းကို ခံထားရပါတယ်။

ဒါကြောင့် ဘာစီလိုနာရဲ့ပစ်မှတ်ကဘယ်ပြိုင်ပွဲလဲစဉ်းစားရပါတော့မယ်။ ချန်ပီယံလိဂ်မှာ မရေမရာမို့ ပြည်တွင်းပြိုင်ပွဲတွေကို အာရုံစိုက်မှာပါ။ ဒီလိုသာဆိုရင် လာလီဂါပဲဖြစ်နိုင်တယ်။

ဘုရင့်ဖလားကိုအရမ်းကြီးမလိုချင်လို့လည်း ပထမအကျော့မှာကတည်းက အဓိကကစားသမားတွေကိုဘာစီလိုနာ အနားပေးခဲ့တာဖြစ်တယ်။ရာခိုင်နှုန်းများတာကဘာစီလိုနာအရမ်းကြီး အနာမခံလောက်တော့ပါဘူး။

ဒီပွဲမှာ ဘာစီလိုနာကတစ်ဂိုးတည်းနိုင်ရင် ခပ်ပါးပါးနစ်နာရဦးမယ်လို့ အကျောပေးထားတယ်။ဆီဗီလာရဲ့လက်ရှိအဝေးကွင်းခံစစ်အစွမ်းကဒီယေဂိုကားလို့စ်၊ ကူအန်ဒီ၊ ဗီဒယ်၊ အက်စ်ကျူဒီရိုတို့ ခြေစွမ်းပြမှုနဲ့အတူတကယ့်ကိုအားရစရာကြီးပါ။

၂ဂိုးပြတ်နိုင်ထားပြီးသားဖြစ်လို့အခုပွဲမှာဆီဗီလာဂိုးမပေးရဖို့ပဲ ဦးစားပေးယှဉ်ပြိုင်လာပါလိမ့်မယ်။ဆီဗီလာရဲ့ခံစစ်အစွမ်းကိုယုံကြည်လိုက်ကြရအောင်ပါ။ ဒီတစ်ပွဲမှာလည်း ဘာစီလိုနာကို ထပ်မံလက်ရှောင်ထားကြရပါမယ်။

zawgyi

”ဒီတစ္ပြဲလည္း ထပ္မံလက္ေရွာင္ထားၾကပါဦး”

ဗုဒၶဟူးည စပိန္ဘုရင့္ဖလား ဆီမီးဖိုင္နယ္(ဒု-အေက်ာ့) ပြဲႀကိဳသုံးသပ္ခ်က္

ဘာစီလိုနာ ႏွင့္ ဆီဗီလာ (ည ၂:၃၀)(သတိုး- ေမွာ္ဘီ)

ဆီဗီလာကြင္းမွာကစားတဲ့ ပထမအေက်ာ့တုန္းက ဘာစီလိုနာ ၂-၀ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတယ္။ဒါေၾကာင့္ ေနာက္တစ္ဆင့္တက္ေရးအတြက္ အနိမ့္ဆုံး ၃ဂိုးျပတ္ ျပန္လည္အႏိုင္ယူမွရမွာပါ။ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္မွာလည္း ပီအက္စ္ဂ်ီကို ဂိုးျပတ္ရႈံးထားလို႔ ေနာက္တစ္ဆင့္တက္ေရး မေရရာျဖစ္ေနၿပီး လာလီဂါမွာဆိုရင္လည္း ထိပ္ဆုံးက အက္သလက္တီကိုရဲ႕၅မွတ္ျဖတ္ျခင္းကို ခံထားရပါတယ္။ဒါေၾကာင့္ ဘာစီလိုနာရဲ႕ပစ္မွတ္က ဘယ္ၿပိဳင္ပြဲလဲ စဥ္းစားရပါေတာ့မယ္။ ခ်န္ပီယံလိဂ္မွာ မေရမရာမို႔ ျပည္တြင္းၿပိဳင္ပြဲေတြကို အာ႐ုံစိုက္မွာပါ။ ဒီလိုသာဆိုရင္ လာလီဂါပဲျဖစ္ႏိုင္တယ္။

ဘုရင့္ဖလားကို အရမ္းႀကီးမလိုခ်င္လို႔လည္း ပထမအေက်ာ့မွာကတည္းက အဓိကကစားသမားေတြကို ဘာစီလိုနာ အနားေပးခဲ့တာျဖစ္တယ္။ရာခိုင္ႏႈန္းမ်ားတာက ဘာစီလိုနာ အရမ္းႀကီး အနာမခံေလာက္ေတာ့ပါဘူး။ ဒီပြဲမွာ ဘာစီလိုနာက တစ္ဂိုးတည္းႏိုင္ရင္ ခပ္ပါးပါးနစ္နာရဦးမယ္လို႔ အေက်ာေပးထားတယ္။ဆီဗီလာရဲ႕လက္ရွိအေဝးကြင္းခံစစ္အစြမ္းက ဒီေယဂိုကားလို႔စ္၊ ကူအန္ဒီ၊ ဗီဒယ္၊ အက္စ္က်ဴဒီ႐ိုတို႔ ေျခစြမ္းျပမႈနဲ႔အတူ တကယ့္ကို အားရစရာႀကီးပါ။ ၂ဂိုးျပတ္ႏိုင္ထားၿပီးသားျဖစ္လို႔ အခုပြဲမွာ ဆီဗီလာ ဂိုးမေပးရဖို႔ပဲ ဦးစားေပးယွဥ္ၿပိဳင္လာပါလိမ့္မယ္။ဆီဗီလာရဲ႕ခံစစ္အစြမ္းကို ယုံၾကည္လိုက္ၾကရေအာင္ပါ။ ဒီတစ္ပြဲမွာလည္း ဘာစီလိုနာကို ထပ္မံလက္ေရွာင္ထားၾကရပါမယ္။