နွေရာသီတွင် ကစားသမား ၁၄ ဦးအထိ ရှင်းထုတ်သွားမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကစားသမား၁၄ဦးအထိထွက်ခွာခွင့်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

Mundo Deportivo ရဲ့ဖော်ပြချက်အရဘာစီလိုနာဟာလာမယ့်ရာသီသစ်အတွက်အသင်းကိုအကြီးအကျယ်အပြောင်းအလဲပြုလုပ်သွားရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းရဲ့နျူးကမ့်အနာဂတ်မရေမရာဖြစ်သလိုဘာစီလိုနာအသင်းတာဝန်ရှိသူများဟာလည်းမက်ဆီကို၂နှစ်စာချုပ်သက်တမ်းတိုးနိုင်ရေးအတွက်အစွမ်းကုန်လုပ်ဆောင်နေကြပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာဘဏ္ဍာရေးအခြေအနေဆိုးရွားနေခြင်းကြောင့်ကစားသမားများကိုရောင်းချခြင်း၊အငှားချခြင်းတို့ပြုလုပ်သွားရပါမယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာနှင့်ဘုတ်အဖွဲ့ဝင်များဟာနီတို၊ဆင်မြူရယ်အုမ်တီတီ၊ဂျူနီယာဖာပို၊မားသီးယပ်စ်ဖာနန်ဒက်စ်၊မာတင်ဘရစ်ဝှိုက်၊ဖီးလစ်ပီကော်တင်ဟိုနှင့်မီရာလမ်ပီယာနစ်တို့ကိုရောင်းချသွားပါမယ်။

ဘာစီလိုနာဟာကော်တင်ဟို၊အုပ်တီတီနှင့်ပီယာနစ်တို့အားရောင်းချမှုကြောင့်ပြောင်းရွှေ့ကြေးအသုံးစရိတ်ရရှိလာမယ့်အပြင်လုပ်ခလည်းလျှော့ချလာနိုင်ပါမယ်။

ဘာစီလိုနာဟာမန်စီးတီးမှစပိန်နောက်ခံလူအဲရစ်ဂါစီယာကိုခေါ်ယူရန်သဘာတူညီမှုရရှိထားသလိုဆာဂျီယိုအဂူရို၊ဂီနီဝီနယ်ဒမ်၊မမ်ဖစ်ဒီပေးတို့ကိုလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ဘာစီလိုနာဟာလာလီဂါရာသီသိမ်းရန်၂ပွဲသာကစားရန်လိုတော့တဲ့အချိန်တွင်ရမှတ်၇၆မှတ်ဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။

ဘာစီလိုနာဟာလာလီဂါချန်ပီယံမျှော်လင့်ချက်ကုန်ဆုံးသလောက်ရှိသွားပြီဖြစ်သော်လည်းကိုပါဒယ်ရေးဖလားဆွတ်ခူးထားနိုင်ပါတယ်။

zawgyi

ေႏြရာသီတြင္ ကစားသမား ၁၄ ဦးအထိ ရွင္းထုတ္သြားမယ့္ ဘာစီလိုနာ

ဘာစီလိုနာဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကစားသမား၁၄ဦးအထိထြက္ခြာခြင့္ေပးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

Mundo Deportivo ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာလာမယ့္ရာသီသစ္အတြက္အသင္းကိုအႀကီးအက်ယ္အေျပာင္းအလဲျပဳလုပ္သြားရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းရဲ႕န်ဴးကမ့္အနာဂတ္မေရမရာျဖစ္သလိုဘာစီလိုနာအသင္းတာဝန္ရွိသူမ်ားဟာလည္းမက္ဆီကို၂ႏွစ္စာခ်ဳပ္သက္တမ္းတိုးႏိုင္ေရးအတြက္အစြမ္းကုန္လုပ္ေဆာင္ေနၾကပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာဘ႑ာေရးအေျခအေနဆိုး႐ြားေနျခင္းေၾကာင့္ကစားသမားမ်ားကိုေရာင္းခ်ျခင္း၊အငွားခ်ျခင္းတို႔ျပဳလုပ္သြားရပါမယ္။

ဘာစီလိုနာဥကၠဌလာေပၚတာႏွင့္ဘုတ္အဖြဲ႕ဝင္မ်ားဟာနီတို၊ဆင္ျမဴရယ္အုမ္တီတီ၊ဂ်ဴနီယာဖာပို၊မားသီးယပ္စ္ဖာနန္ဒက္စ္၊မာတင္ဘရစ္ဝႈိက္၊ဖီးလစ္ပီေကာ္တင္ဟိုႏွင့္မီရာလမ္ပီယာနစ္တို႔ကိုေရာင္းခ်သြားပါမယ္။

ဘာစီလိုနာဟာေကာ္တင္ဟို၊အုပ္တီတီႏွင့္ပီယာနစ္တို႔အားေရာင္းခ်မႈေၾကာင့္ေျပာင္းေ႐ႊ႕ေၾကးအသုံးစရိတ္ရရွိလာမယ့္အျပင္လုပ္ခလည္းေလွ်ာ့ခ်လာႏိုင္ပါမယ္။

ဘာစီလိုနာဟာမန္စီးတီးမွစပိန္ေနာက္ခံလူအဲရစ္ဂါစီယာကိုေခၚယူရန္သဘာတူညီမႈရရွိထားသလိုဆာဂ်ီယိုအဂူ႐ို၊ဂီနီဝီနယ္ဒမ္၊မမ္ဖစ္ဒီေပးတို႔ကိုလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္ႀကိဳးပမ္းေနပါတယ္။

ဘာစီလိုနာဟာလာလီဂါရာသီသိမ္းရန္၂ပြဲသာကစားရန္လိုေတာ့တဲ့အခ်ိန္တြင္ရမွတ္၇၆မွတ္ျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။

ဘာစီလိုနာဟာလာလီဂါခ်န္ပီယံေမွ်ာ္လင့္ခ်က္ကုန္ဆုံးသေလာက္ရွိသြားၿပီျဖစ္ေသာ္လည္းကိုပါဒယ္ေရးဖလားဆြတ္ခူးထားႏိုင္ပါတယ္။