ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရေးအချိန်ပိုယူမယ့်မက်ဆီ

လီယွန်နယ်မက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရေးကိုအချိန်ပိုမိုယူဖွယ်ရှိနေကြောင်း Mundo Deportivo ကဖော်ပြလာပါတယ်။

ဘာစီလိုနာဟာဘောလုံးရာသီကုန်ဆုံးမယ့်မေလ၂၃ရက်နေ့နောက်ပိုင်းတွင်အာဂျင်တီးနားအသင်းခေါင်းဆောင်အားစာချုပ်သစ်ချုပ်ဆိုရေးအတွက်ကမ်းလှမ်းမှုပြုလုပ်လာနိုင်ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကြောင့်မက်ဆီကိုလုပ်ခတစ်ဝက်လျှော့ချကာစာချုပ်သစ်ကမ်းလှမ်းလာမှာဖြစ်ပြီးကစားသမားအဖြစ်၂နှစ်၊သံတမန်အဖြစ်၃နှစ်လုပ်ဆောင်ရန်ကမ်းလှမ်းသွားပါမယ်။မက်ဆီဟာဘာစီလိုနာမှထွက်ခွာကာအမေရိကန်သို့သွားရောက်ကစားစဉ်ဘာစီလိုနာသံတမန်အဖြစ်လည်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရမက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သစ်မချုပ်ဆိုသေးဘဲအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားပြိုင်ပွဲသွားနိုင်ကြောင်းသိရပါတယ်။ယင်းကဲ့သို့အနေအထားကြောင့်မက်ဆီရဲ့ဘာစီလိုနာအနာဂတ်ကိုအတိအကျခန့်မှန်းရန်ခက်ခဲနေပါသေးတယ်။

အထူးသဖြင့်မက်ဆီဟာကလပ်ရဲ့အနာဂတ်စီမံကိန်းနှင့်ငွေကြေးအကျိုးခံစားခွင့်တို့အားသိရပါတယ်။မက်ဆီဟာအာဂျင်တီးနားကစားဖော်အဂူရိုကိုခေါ်ဆောင်ပေးမယ့်အစီအစဉ်ကြောင့်ကျေနပ်ရသော်လည်းကလပ်ရဲ့အနာဂတ်စီမံကိန်းကိုသိရှိလိုပါသေးတယ်။

ယင်းသို့အခြေအနေကြောင့်မက်ဆီဟာကိုပါအမေရိကပြိုင်ပွဲသို့ဘာစီလိုနာနှင့်စာချုပ်သစ်မချုပ်ဆိုဘဲသွားဖို့ရှိနေပါတယ်။ကိုပါအမေရိကပြိုင်ပွဲကိုဇွန်လ၁၁ရက်နေ့မှဇူလိုင်လ၁၁ရက်နေ့အထိကျင်းပသွားပါမယ်။မက်ဆီရဲ့ဘာစီလိုနာနှင့်စာချုပ်မှာဇွန်လ၃၀ရက်နေ့တွင်ကုန်ဆုံးပါမယ်။

zawgyi

ဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအခ်ိန္ပိုယူမယ့္မက္ဆီ

လီယြန္နယ္မက္ဆီဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးကိုအခ်ိန္ပိုမိုယူဖြယ္ရွိေနေၾကာင္း Mundo Deportivo ကေဖာ္ျပလာပါတယ္။

ဘာစီလိုနာဟာေဘာလုံးရာသီကုန္ဆုံးမယ့္ေမလ၂၃ရက္ေန႔ေနာက္ပိုင္းတြင္အာဂ်င္တီးနားအသင္းေခါင္းေဆာင္အားစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ကမ္းလွမ္းမႈျပဳလုပ္လာႏိုင္ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာေၾကာင့္မက္ဆီကိုလုပ္ခတစ္ဝက္ေလွ်ာ့ခ်ကာစာခ်ဳပ္သစ္ကမ္းလွမ္းလာမွာျဖစ္ၿပီးကစားသမားအျဖစ္၂ႏွစ္၊သံတမန္အျဖစ္၃ႏွစ္လုပ္ေဆာင္ရန္ကမ္းလွမ္းသြားပါမယ္။မက္ဆီဟာဘာစီလိုနာမွထြက္ခြာကာအေမရိကန္သို႔သြားေရာက္ကစားစဥ္ဘာစီလိုနာသံတမန္အျဖစ္လည္းေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရမက္ဆီဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုေသးဘဲအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားၿပိဳင္ပြဲသြားႏိုင္ေၾကာင္းသိရပါတယ္။ယင္းကဲ့သို႔အေနအထားေၾကာင့္မက္ဆီရဲ႕ဘာစီလိုနာအနာဂတ္ကိုအတိအက်ခန႔္မွန္းရန္ခက္ခဲေနပါေသးတယ္။

အထူးသျဖင့္မက္ဆီဟာကလပ္ရဲ႕အနာဂတ္စီမံကိန္းႏွင့္ေငြေၾကးအက်ိဳးခံစားခြင့္တို႔အားသိရပါတယ္။မက္ဆီဟာအာဂ်င္တီးနားကစားေဖာ္အဂူ႐ိုကိုေခၚေဆာင္ေပးမယ့္အစီအစဥ္ေၾကာင့္ေက်နပ္ရေသာ္လည္းကလပ္ရဲ႕အနာဂတ္စီမံကိန္းကိုသိရွိလိုပါေသးတယ္။

ယင္းသို႔အေျခအေနေၾကာင့္မက္ဆီဟာကိုပါအေမရိကၿပိဳင္ပြဲသို႔ဘာစီလိုနာႏွင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုဘဲသြားဖို႔ရွိေနပါတယ္။ကိုပါအေမရိကၿပိဳင္ပြဲကိုဇြန္လ၁၁ရက္ေန႔မွဇူလိုင္လ၁၁ရက္ေန႔အထိက်င္းပသြားပါမယ္။

မက္ဆီရဲ႕ဘာစီလိုနာႏွင့္စာခ်ဳပ္မွာဇြန္လ၃၀ရက္ေန႔တြင္ကုန္ဆုံးပါမယ္။