ပထမအကျော့တုန်းကအတိုင်း

စနေည စပိန်လာလီဂါ ပွဲစဉ်-၃၅ ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ နှင့် အက်သလက်တီကို (ည ၈း၄၅)(သတိုး-မှော်ဘီ)

ဘာစီလိုနာရဲ့နောက်ဆုံး ၆ပွဲဆက်တိုက် နှစ်သင်းပေါင်းသွင်းဂိုး ၃ဂိုးနဲ့အထက်တွေချည်းရလဒ်ထွက်ထားခဲ့ပါတယ်။ဒါဟာမက်ဆီ၊ ဂရစ်ဇ်မန်းတို့ရဲ့တိုက်စစ်ကဂိုးသွင်းနိုင်သလောက်နောက်တန်းကလည်းပေးဂိုးများလွန်းလို့ပါ။

ဒါပေမဲ့ အခုရင်ဆိုင်ရမှာကခံစစ်နည်းဗျူဟာပြောင်မြောက်လွန်းပြီးလက်ရှိမှာလည်းကွင်းလယ်နဲ့နောက်တန်းလုံခြုံမာကျောလွန်းတဲ့ အက်သလက်တီကိုဖြစ်လို့ ဘာစီလိုနာတိုက်စစ်ဂိုးရဖို့ သိပ်မလွယ်ကူနိုင်ဘူး။

အသင်းကြီးတွေကိုရင်ဆိုင်ရရင်တိုက်စစ်ကဂိုးတွေအများကြီးမသွင်းတတ်တဲ့တီကိုတိုက်စစ်ကလည်းသေချာပေါက်ရုန်းကန်ရမှာပါ။ ဒီပွဲရဲ့ဂိုးပေါင်းဈေးက ၃+၈၀ဖြစ်ပါတယ်။

ချန်ပီယံဆုအတွက်အပြိုင်လုနေကြတဲ့အသင်းကြီးနှစ်သင်းယှဉ်ပြိုင်မှုဖြစ်လို့ အကြိတ်အနယ်ရှိပြီးပထမအကျော့တုန်းကအတိုင်းဂိုးပေါင်းအောက်ကိုရွေးချယ်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်စေမှာပါ။

zawgyi




