ရော်နယ်ကိုးမန်းရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်ကိုသမာဓိခုံရုံးတွင်ဘာစီလိုနာအယူခံဝင်

ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်တုန်းကဂရန်နာဒါနှင့်ပွဲစဉ်တွင်အထုတ်ခံခဲ့ရပြီးနောက်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့နည်းပြရော်နယ်ကိုးမန်းရဲ့ပွဲပယ်ပြစ်ဒဏ်ကိုအယူခံဝင်ခဲ့ရာပယ်ချခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာပြီးခဲ့တဲ့အပတ်တုန်းကဂရန်နာဒါကိုမထင်မှတ်ဘဲရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာအနီတက်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

 

ဘာစီလိုနာဟာကိုးမန်းရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်ကိုစပိန်ဘောလုံးအဖွဲ့ချုပ်တွင်အယူခံဝင်ခဲ့ရာပယ်ချခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်လည်းဘာစီလိုနာဟာကိုးမန်းအတွက်လက်လျှော့ခြင်းမရှိသေးဘဲအားကစားသမာဓိခုံရုံးတွင်ဆက်လက်အယူခံဝင်သွားပါမယ်။

ဘာစီလိုနာဟာစနေနေ့မှာလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှအက်သလက်တီကိုနှင့်လာလီဂါဖလားအတွက်အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲကိုရင်ဆိုင်ရဖို့ရှိနေပါတယ်။ဘာစီလိုနာရဲ့ကိုးမန်းအတွက်အယူခံဝင်မှုကအချိန်ရရှိမှုအလွန်နည်းပါးနေပါတယ်။ယင်းသို့အနေအထားများကြောင့်ကိုးမန်းအနေဖြင့်အက်သလက်တီကိုနှင့်ပွဲကိုလွဲချော်ဖို့တော့သေချာသလောက်ရှိနေပါတယ်။

ကိုးမန်းအနေဖြင့်အက်သလက်တီကိုနှင့်ပွဲကိုကိုင်တွယ်ခွင့်မရပါကလည်းအယူခံအောင်မြင်ပါကကြားရက်တွင်လီဗန်တေးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲမှာကိုင်တွယ်နိုင်ပါမယ်။

zawgyi

ေရာ္နယ္ကိုးမန္းရဲ႕ႏွစ္ပြဲပယ္ျပစ္ဒဏ္ကို သမာဓိခုံ႐ုံးတြင္ ဘာစီလိုနာအယူခံဝင္

ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္တုန္းကဂရန္နာဒါႏွင့္ပြဲစဥ္တြင္အထုတ္ခံခဲ့ရၿပီးေနာက္ႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရတဲ့နည္းျပေရာ္နယ္ကိုးမန္းရဲ႕ပြဲပယ္ျပစ္ဒဏ္ကိုအယူခံဝင္ခဲ့ရာပယ္ခ်ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့အပတ္တုန္းကဂရန္နာဒါကိုမထင္မွတ္ဘဲရႈံးနိမ့္တဲ့ပြဲစဥ္ရဲ႕ဒုတိယပိုင္းမွာအနီတက္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာဟာကိုးမန္းရဲ႕ႏွစ္ပြဲပယ္ျပစ္ဒဏ္ကိုစပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္တြင္အယူခံဝင္ခဲ့ရာပယ္ခ်ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္လည္းဘာစီလိုနာဟာကိုးမန္းအတြက္လက္ေလွ်ာ့ျခင္းမရွိေသးဘဲအားကစားသမာဓိခုံ႐ုံးတြင္ဆက္လက္အယူခံဝင္သြားပါမယ္။

ဘာစီလိုနာဟာစေနေန႔မွာလာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွအက္သလက္တီကိုႏွင့္လာလီဂါဖလားအတြက္အဆုံးအျဖတ္ေပးႏိုင္တဲ့ပြဲကိုရင္ဆိုင္ရဖို႔ရွိေနပါတယ္။ဘာစီလိုနာရဲ႕ကိုးမန္းအတြက္အယူခံဝင္မႈကအခ်ိန္ရရွိမႈအလြန္နည္းပါးေနပါတယ္။ယင္းသို႔အေနအထားမ်ားေၾကာင့္ကိုးမန္းအေနျဖင့္အက္သလက္တီကိုႏွင့္ပြဲကိုလြဲေခ်ာ္ဖို႔ေတာ့ေသခ်ာသေလာက္ရွိေနပါတယ္။

ကိုးမန္းအေနျဖင့္အက္သလက္တီကိုႏွင့္ပြဲကိုကိုင္တြယ္ခြင့္မရပါကလည္းအယူခံေအာင္ျမင္ပါကၾကားရက္တြင္လီဗန္ေတးအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲမွာကိုင္တြယ္ႏိုင္ပါမယ္။