
ယူဆွတ်ဖ်မူကိုကိုဟာဥရောပကလပ်တိုင်းကအလိုရှိနေပေမဲ့လည်းစာချုပ်သက်တမ်းကုန်ဆုံးမဲ့လာမယ့်နွေရာသီတွင်ဒေါ့မွန်မှထွက်ခွာကာ ဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဂျာမနီနှင့်အတူပါဝင်ကစားခဲ့တဲ့ဒေါ့မွန်တိုက်စစ်မှူးမူကိုကိုဟာလာမယ့်နွေရာသီတွင်ဒေါ့မွန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မှုနဲ့အတူလီဗာပူး၊ချဲလ်ဆီးအပါအဝင်ဥရောပထိပ်သီးကလပ်တိုင်းရဲ့ကြိုးပမ်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့အသက်၁၈နှစ်ရှိဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာသူ့ရဲ့ကစားသမားဘဝတိုးတက်ရေးအတွက်အကောင်းဆုံးဖြစ်လာမဲ့ကလပ်အဖြစ် ဘာစီလိုနာကိုရွေးချယ်လာခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
စပိန်သတင်းစာ Sport ကမူကိုကိုဟာလာမယ့်နွေရာသီတွင်ဘာစီလိုနာသို့အလွတ်ပြောင်းရွေ့ကြေးဖြင့်ပြောင်းရွှေ့ကစားရန်ဆုံးဖြတ်လိုက်ပြီဖြစ် ကြောင်းဖော်ပြလာပါတယ်။
ယင်းသို့မူကိုကိုရဲ့ဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန်ရွေးချယ်မှုအပေါ်တွင်လည်းမေးခွန်းထုတ်မှုများရှိနေပါတယ်။မူကိုကိုအနေဖြင့်ဘာစီလိုနာသို့ပြောင်းရွှေ့ကစားမှုနဲ့အတူဒေါ့မွန်စတားဟောင်းများဖြစ်ကြတဲ့လီဝန်ဒေါ့စကီး၊ဒမ်ဘီလီတို့ရှိနေမှုနဲ့အတူနေရာရရှိရေးရုန်းကန်လာရဖို့ရှိနေပါတယ်။
မူကိုကိုဟာဒေါ့မွန်လူငယ်အသင်းအဆင့်ဆင့်တွင်ခြေစွမ်းပြကစားခဲ့ပြီးတဲ့နောက် ဒေါ့မွန်အသင်းကြီးအတွက်၄၄ပွဲတွင်၁၁ဂိုးသွင်းယူထားနိုင်ပါတယ်။
သူဟာဒေါ့မွန်ယူ-၁၇နှင့်ယူ-၁၉အသင်းအတွက်၈၈ပွဲကစားခဲ့ရာမှာ၁၄၁ဂိုးသွင်းယူခဲ့ပါတယ်။
ZawGyi
ဘာစီလိုနာသို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းရန္ ဆုံးျဖတ္လိုက္ၿပီျဖစ္တဲ့ ကမာၻ႔အလားအလာအေကာင္းဆုံးတိုက္စစ္မႉး
ယူဆြတ္ဖ္မူကိုကိုဟာဥေရာပကလပ္တိုင္းကအလိုရွိေနေပမဲ့လည္းစာခ်ဳပ္သက္တမ္းကုန္ဆုံးမဲ့လာမယ့္ေႏြရာသီတြင္ေဒါ့မြန္မွထြက္ခြာကာ ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဂ်ာမနီႏွင့္အတူပါဝင္ကစားခဲ့တဲ့ေဒါ့မြန္တိုက္စစ္မႉးမူကိုကိုဟာလာမယ့္ေႏြရာသီတြင္ေဒါ့မြန္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မႈနဲ႔အတူလီဗာပူး၊ခ်ဲလ္ဆီးအပါအဝင္ဥေရာပထိပ္သီးကလပ္တိုင္းရဲ႕ႀကိဳးပမ္းျခင္းခံေနရသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့အသက္၁၈ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဟာသူ႔ရဲ႕ကစားသမားဘဝတိုးတက္ေရးအတြက္အေကာင္းဆုံးျဖစ္လာမဲ့ကလပ္အျဖစ္ ဘာစီလိုနာကိုေ႐ြးခ်ယ္လာခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။
စပိန္သတင္းစာ Sport ကမူကိုကိုဟာလာမယ့္ေႏြရာသီတြင္ဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ြ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ကစားရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းေဖာ္ျပလာပါတယ္။
ယင္းသို႔မူကိုကိုရဲ႕ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္ေ႐ြးခ်ယ္မႈအေပၚတြင္လည္းေမးခြန္းထုတ္မႈမ်ားရွိေနပါတယ္။မူကိုကိုအေနျဖင့္ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားမႈနဲ႔အတူေဒါ့မြန္စတားေဟာင္းမ်ားျဖစ္ၾကတဲ့လီဝန္ေဒါ့စကီး၊ဒမ္ဘီလီတို႔ရွိေနမႈနဲ႔အတူေနရာရရွိေရး႐ုန္းကန္လာရဖို႔ရွိေနပါတယ္။
မူကိုကိုဟာေဒါ့မြန္လူငယ္အသင္းအဆင့္ဆင့္တြင္ေျခစြမ္းျပကစားခဲ့ၿပီးတဲ့ေနာက္ ေဒါ့မြန္အသင္းႀကီးအတြက္၄၄ပြဲတြင္၁၁ဂိုးသြင္းယူထားႏိုင္ပါတယ္။
သူဟာေဒါ့မြန္ယူ-၁၇ႏွင့္ယူ-၁၉အသင္းအတြက္၈၈ပြဲကစားခဲ့ရာမွာ၁၄၁ဂိုးသြင္းယူခဲ့ပါတယ္။