
Your Judges with 3D
📛 Nကြယ်မင်း မင်းနဒီ ဟန်စိုးသွေး
📛 Nကြယ်မင်း (30+0) 30 မှတ်
📛 မင်းနဒီ (27+0) 27 မှတ်
📛 ဟန်စိုးသွေး (24+2) 26 မှတ်
———————————–
📛 3D Choices (29+0) 29 မှတ်
ဤပုံကိုကြည့်ပါ၊ အဝေးကပင်မြင်နိုင်ပါသည်ဆိုတာဒါမျိုးပါပဲ။ တစ်ချိန်လုံးချေလာတဲ့ 3D တွေဒီတစ်ပတ်ခံစားရချက်ပြင်းထန်ပါတယ်။ လုံးဝအကြိုက်တူခဲ့ကြတဲ့ဆရာကြယ်နဲ့ Change တို့၃ပွဲလုံးလွဲချော်သွားဟာအားလုံးကိုနာကျင်စေသလို3D Choices ကိုပါအထိနာစေခဲ့ပါတယ်။
ဒါပေမဲ့ပြီးခဲ့တဲ့အ ပတ်ကကြိုပြောခဲ့သလိုပဲဆရာဟန်ကြွေတက်လာပြီဆိုတော်ရုံနဲ့မရပ်ပါဘူး။
ဒီတစ်ပတ်မှာမာယော့ကာနဲ့ နာပိုလီတို့ မှန်ကန်ခဲ့ပြီးဘယ်သူမဆိုအမှန်တရားဘူတာဆီဆိုက်ရောက်နိုင်မယ်မဟုတ်တဲ့လီဗာပူးတစ်ကွက်ပဲလွဲခဲ့တာပါ။
ဆရာဟန်နဲ့ လိုက်ခဲ့သူတွေအတွက်တော့ (+1)ပေးနိုင်ခဲ့ကြောင်းလေပြေသွေးရပါတော့မယ်။ ဒါပေမဲ့ကိုယ့်ဆရာတွေကိုယ်ယုံပါတယ်။
ဒီည 3D Midweekမှာ ပြန်လည်အောင်ပွဲခံနိုင်ကြပါလိမ့်မယ်။ ကျနော်တို့စောင့်ကြည့်လိုက်ကြရအောင်လား..
📛 Nကြယ်မင်း
ဘာစီလိုနာ – ဘိုင်ယန်မြူးနစ် (ဘာစီလိုနာ (=35)
လာလီဂါမှာဖြစ်လာလိုက်၊ ဒီမှာကျွမ်းပစ်သွားလိုက်နဲ့ချန်ပီယံလိဂ်ဟာဇာဗီဖတ်ခွင့်မရှိတဲ့စာအုပ်လိုဖြစ်လာပါတယ်။ လီဝန်ဒေါစကီးဟာနူးကမ့်မှကြိုဆိုပါတယ်ရဲဘော်ဆိုပြီးဂိုးတွေနဲ့ဧည့်ခံတာမျိုးလုပ်နိုင်ပါ့မလားကျနော်တော့သံသယရှိနေတုန်းပါပဲ။
ဘိုင်ယန်ကအော့စ်ဘတ်ကို 1-0 နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ကစားတဲ့ ၇ပွဲမှာ ဒေါ့မွန်နဲ့ (2-2) ကစားတာကလွဲပြီးအခြားပွဲတိုင်းအနိုင်ရခဲ့တယ်။
၂၇ဂိုးသွင်းခဲ့တယ်။ ဘာစီလိုနာအတွက်ကမျှော်လင့်ချက်နည်းပါးလွန်းချိန်မှာတိုက်စစ်ဖွင့်ကစားလာဖို့ကလွဲပြီးအခြားမရှိပါဘူး။ အဲ့ဒါကပဲလိုအပ်သလိုတင်ကစားနိုင်တဲ့နာဂျယ်စ်မန်းအကြိုက်ဖြစ်သွားပါလိမ့်မယ်။ ဂိုးပေါ်သွားလိမ့်မယ်ထင်သလိုဘိုင်ယန်မရှုံးဘူးဆိုတာပိုယုံပါတယ်။ ဘိုင်ယန်ကျားမြီးကိုဆွဲကြပါ။
📛ဟန်စိုးသွေး
ဘာစီလိုနာ-ဘိုင်ယန်
ဘာစီလိုနာဟာလာလီဂါမှာရီးရဲလ်တစ်သင်းတည်းကိုသာရှုံးနိမ့်ထားပြီး၁ပွဲသရေ၉ပွဲအနိုင်ရအောင်ကစားထားနိုင်တယ်။အဲဒီ၁၁ပွဲမှာ၄ဂိုးသာပေးခဲ့ရပြီး၂၈ဂိုးသွင်းယူနိုင်ခဲ့တဲ့အထိဘာစီလိုနာစွမ်းဆောင်ရည်ကောင်းခဲ့တာဖြစ်တယ်။ဒါပေမယ့်ဘာစီလိုနာရဲ့ချန်ပီယံလိဂ်ခြေစွမ်းကတော့မျှော်လင့်ထားသလောက်မကောင်းမွန်ခဲ့တာ အင်တာနဲ့နှစ်ကျော့ကစားခဲ့တဲ့ပွဲတွေမှာတွေ့ခဲ့ရတယ်။
အင်တာကိုနှစ်ကျော့စလုံးခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတာဖြစ်ပြီးအိမ်ကွင်းမှာနောက်ကလိုက်ကစားခဲ့ရပြီးသရေပဲကစားနိုင်ခဲ့ကာအဝေးကွင်းမှာရှုံးနိမ့်ခဲ့တယ်။ ဘိုင်ယန်ကပုံစံကောင်းပြန်ရနေပြီးလိဂ်နောက်ဆုံး၄ပွဲမှာလူတစ်ယောက်လျော့ခဲ့လို့ဒေါ့မွန်၂-၂ဂိုးသရေကျခဲ့ပေမယ့်လေဗာကူဆင်ကို၄-၀ ဖရိုင်းဘတ်ကို၅-၀ ဟော့ဖန်ဟိမ်းကိုဝ-၂နဲ့ဂိုးပြတ်တွေချည်းအနိုင်ယူခဲ့တယ်။
ဘိုင်ယန်နောက်တစ်ဆင့်တက်ခွင့်ရပြီးသားဖြစ်ပေမယ့်ဘာစီလိုနာကအကျောပေးမှုသိပ်ပျော့ပျောင်းလွန်းတာမို့ဘိုင်ယန်အားထည့်ကစားဦးမယ့်ပုံပါပဲ။အနိုင်ရလိုဇောနဲ့ဘာစီလိုနာတိုက်စစ်ဖွင့်ကစားခဲ့ရင်ဘိုင်ယန်တန်ပြန်တိုက်စစ်ကိုဂိုးပေးရပြီးဘာစီလိုနာရှုံးတောင်ရှုံးသွားနိုင်တာမို့ဧည့်သည်ဘိုင်ယန်နဲ့သာနေထိုင်စွန့်စားသင့်ပါတယ်။
🛑မင်းနဒီ(Change)
🛑 ဘာစီလိုနာ-ဘိုင်ယန်မြူးနစ်
ဘာစီလိုနာဟာအသင်းကြီးတွေနဲ့ ကစားတဲ့ပွဲစဥ်တိုင်းရလဒ်မကောင်းခဲ့တာကိုတွေ့ရတယ်။ ပထမအကျော့တုန်းကလာလီဂါမှာရထားတဲ့ရလဒ်ကောင်းတွေကိုအထင်ကြီးပြီးဘာစီလိုနာရလဒ်ကောင်းလိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တယ်။ အခွင့်အရေးကောင်းတွေရခဲ့ပြီးဘာစီလိုနာကစားပုံမဆိုးလှပေမယ့်ပီဒရီ၊ ဂါဗီတို့ ဟာအသက်အရွယ်အရ ငယ်ရွယ်လွန်းနေပြီးအတွေ့အကြုံနုနယ်လွန်းနေသေးတာကဘာစီလိုနာကိုထင်သလိုမဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ။
ဘိုင်ယန်ကနောက်တစ်ဆင့်ကိုတက်သွားပြီ၊ ဒီပွဲကသူတို့အတွက်သိပ်အရေးမပါတော့ဘူး။ ပြီးခဲ့တဲ့ပယ်လ်ဇန်နဲ့ပွဲမှာဆိုရင်လည်း၄ ဂိုးပြတ်နေပြီးမှာ၂ ဂိုးကိုခပ်လွယ်လွယ်ပြန်ပေးခဲ့တယ်။ ဒီပွဲမှာလည်းဘိုင်ယန်ဘယ်လောက်အားထည့်မလဲဆိုတဲ့ အပေါ်မှာမူတည်နေတယ်။ ဘာစီလိုနာအတွက်ကတစ်ဖက်မှာ အင်တာနိုင်လိုက်ရင်ကိုပြီးသွားပြီ။ ယူရိုပါလိဂ်ကိုလွင့်ရတော့မယ်။
ဒါပေမယ့်လီဝန်ဒေါစကီးရဲ့မာန၊ ပီဒရီ၊ ဂါဗီတို့ရဲ့မခံချင်စိတ်နဲ့ အိမ်ကွင်းနူးကမ့်မှာဘာစီလိုနာရလဒ်ကောင်းရသွားမလားလို့ မျှော်လင့်ကြည့်ချင်မိတယ်။
ဘိုင်ယန်အတွက်ဖိအားမရှိတဲ့အခြေအနေကဘာစီလိုနာဘက်ရောက်အောင်တွန်းပို့နေသလိုဖြစ်တာကြောင့်ဘာစီလိုနာနဲ့ စွန့်စားဖို့ဆုံးဖြတ်လိုက်ပါတယ်။
Your Judges with 3D
Nကြယ်မင်းရွေးချယ်မူ – ဘိုင်ယန်
ဟန်စိုးသွေးရွေးချယ်မူ – ဘိုင်ယန်
မင်းနဒီ(Change)ရွေးချယ်မူ – ဘာစီလိုနာ
3D Choice – ဘိုင်ယန်