”ငှက်ပျောသီးအခွံ နွှာစားရတာလောက်မခက်ဘူး”

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၂၇ ပွဲကြိုသုံးသပ်ချက်

ဘာစီလိုနာ နှင့် ဟူစကာ (ည ၂:၃၀)(သတိုး- မှော်ဘီ)

ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပြီဖြစ်လို့ လာလီဂါတစ်ခုတည်းကိုပဲ ဘာကာအာရုံစိုက်ခွင့် ရသွားပါပြီ။ လက်ရှိ ဘာကာရဲ့လာလီဂါခြေစွမ်းက ထက်မြက်ပြီး အပြစ်ပြောစရာမရှိပါဘူး။

မက်ဆီ၊ ဂရစ်ဇ်မန်းတို့ရဲ့တိုက်စစ်က ဂိုးသွင်းအားထက်မြက်လွန်းနေပြီး ကွင်းလယ်ကမာကျောတည်ငြိမ်၊ ခံစစ်ကလည်း လုံခြုံလွန်းလာတယ်။ထိပ်ဆုံးက အက်သလက်တီကိုကိုမီဖို့ ရမှတ် ၆မှတ် လိုနေသေးတာကြောင့်လည်း ဘာစီလိုနာ သေသေကျေကျေ ဖောင်ဖျက်တိုက်ပွဲဝင်ပါလိမ့်မယ်။

ဇယားအောက်ဆုံးက ဟူစကာကတော့ ရုန်းရင်းကန်ရင်းဖြစ်နေပြီး ခံစစ်ယိုယွင်းမှုက အဓိကပြဿနာဖြစ်နေတဲ့အသင်းပါ။အဝေးကွင်းလည်းဖြစ်တာကြောင့် ဟူစကာခံစစ်အနေနဲ့ ဘာကာတိုက်စစ်မှူးတွေကို ထိန်းချုပ်ဟန့်တားနိုင်စွမ်းမရှိလောက်ဘူး။

အစဉ်အလာပိုင်းမှာလည်း ဘာစီလိုနာက အပြတ်အသတ်သာလွန်ပါတယ်။ဘာစီလိုနာအနိမ့်ဆုံး ၂ဂိုးပြတ်နိုင်ဖို့ဆိုတာ ငှက်ပျောသီးအခွံနွှာစားရတာလောက် မခက်ပါဘူး။

zawgyi

”ငွက္ေပ်ာသီးအခြံ ႏႊာစားရတာေလာက္ မခက္ဘူး”

တနလၤာည စပိန္လာလီဂါ ပြဲစဥ္-၂၇ ပြဲႀကိဳသုံးသပ္ခ်က္

ဘာစီလိုနာ ႏွင့္ ဟူစကာ (ည ၂:၃၀)(သတိုး- ေမွာ္ဘီ)

ခ်န္ပီယံလိဂ္ကေန ထြက္လိုက္ရၿပီျဖစ္လို႔ လာလီဂါတစ္ခုတည္းကိုပဲ ဘာကာအာ႐ုံစိုက္ခြင့္ ရသြားပါၿပီ။ လက္ရွိ ဘာကာရဲ႕လာလီဂါေျခစြမ္းက ထက္ျမက္ၿပီး အျပစ္ေျပာစရာမရွိပါဘူး။မက္ဆီ၊ ဂရစ္ဇ္မန္းတို႔ရဲ႕တိုက္စစ္က ဂိုးသြင္းအားထက္ျမက္လြန္းေနၿပီး ကြင္းလယ္ကမာေက်ာတည္ၿငိမ္၊ ခံစစ္ကလည္း လုံၿခဳံလြန္းလာတယ္။ထိပ္ဆုံးက အက္သလက္တီကိုကိုမီဖို႔ ရမွတ္ ၆မွတ္ လိုေနေသးတာေၾကာင့္လည္း ဘာစီလိုနာ ေသေသေက်ေက် ေဖာင္ဖ်က္တိုက္ပြဲဝင္ပါလိမ့္မယ္။

ဇယားေအာက္ဆုံးက ဟူစကာကေတာ့ ႐ုန္းရင္းကန္ရင္းျဖစ္ေနၿပီး ခံစစ္ယိုယြင္းမႈက အဓိကျပႆနာျဖစ္ေနတဲ့အသင္းပါ။အေဝးကြင္းလည္းျဖစ္တာေၾကာင့္ ဟူစကာခံစစ္အေနနဲ႔ ဘာကာတိုက္စစ္မႉးေတြကို ထိန္းခ်ဳပ္ဟန႔္တားႏိုင္စြမ္းမရွိေလာက္ဘူး။အစဥ္အလာပိုင္းမွာလည္း ဘာစီလိုနာက အျပတ္အသတ္သာလြန္ပါတယ္။ဘာစီလိုနာအနိမ့္ဆုံး ၂ဂိုးျပတ္ႏိုင္ဖို႔ဆိုတာ ငွက္ေပ်ာသီးအခြံႏႊာစားရတာေလာက္ မခက္ပါဘူး။