
ဈေးကွက်အမြင်၊ဈေးကွက်စကား
#ဇဝန
တနင်္ဂနွေညအတွက်မိတ်ဆက်ပေးသွားခဲ့ချင်တဲ့ပွဲစဉ်ကတော့(ဘာစီလိုနာ~ရီးရဲလ်မက်ဒရစ်)ပွဲစဉ်ပါ။ဒီပွဲစဉ်အတွက် (ဘာစီလိုနာ)အသင်းက =-၆၅အ ရှုံးဖွင့်လှစ်ပေးထားပြီးဂိုးပေါင်းဈေးကွက် ၃+၈၅အနိုင်ခင်းကျင်းပေးထားပါတယ်။(ဘာစီလိုနာ)အသင်းကလုပ်တိုင်းဖြစ်နေချိန်မို့ (ရီးရဲလ်မက်ဒရစ်) အသင်းကို=-၆၅အရှုံးကသင့်တင့်မျှတတဲ့ဈေးကွက်အခင်းအကျင်းပါ။ သို့ပေမယ့်ဂိုးပေါင်းဈေးကွက်၃+၈၅အနိုင်ကတော့ချိုသာလွန်းနေပါတယ်။(ဘာစီလိုနာ)အသင်းဟာဂိုးအောက်ဈေးကွက်တွေဒီရာသီမှာအောင်မြင်လွန်းနေတယ်ဆိုပေမယ့်တစ်ဖက်ကပြိုင်ဘက်ဟာ(ရီးရဲလ်မက်ဒရစ်)ဖြစ်နေတာမို့ဒီလိုဂိုးပေါင်းဈေးကွက်ဟာပိုပြီးသဘာဝမကျတော့ပါဘူး၊၊
ဒီလအစမှာပဲ(ဘာစီလိုနာ)အသင်းဟာ(ရီးရဲလ်မက်ဒရစ်)အိမ်ကွင်းမှာအနိုင်ရထားခဲ့တာမို့ ကြားရက်ချန်ပီယံလိဂ်မှာပ~အကျော့(5-2)နဲ့ အနိုင်ထားရတဲ့ (လီဗာပူးလ်)ကိုဒု~အကျော့အဖြစ်(လီဗာပူးလ်)ကိုအားကုန်ရုန်းကန်ထားခဲ့မယ်မထင်ပါဘူးဒု~အကျော့ (လီဗာပူးလ်)အသင်းနဲ့ဘယ်ရလဒ်ဖြစ်ခဲ့ဖြစ်ခဲ့ (ရီးရဲလ်မက်ဒရစ်)အသင်းရဲ့အဓိကပစ်မှတ်ဟာ(ဘာစီလိုနာ)ကို ပြန်လည်ချေမှုန်းရေးပစ်မှတ်ပဲဖြစ်နေမှာအသေအချာပါပဲ။ ဒါ့ကြောင့်ဒီပွဲစဉ်ရဲ့ဂိုးပေါင်းဈေးကွက်ဟာ(ဘာစီလိုနာ)အသင်းရဲ့တစ်ဖက်ပိတ် (ဂိုးအောက်)စရိုက်ရှိယုံနဲ့တော့ပျော့ပျောင်းမနေသင့်ဘူးလို့ယူဆမိပါတယ်။
ပြိုင်ဘက်(၂)သင်းစလုံးမှာပွဲရလဒ်ကိုအချိန်မရွေးပြောင်းလဲပြစ်နိုင်တဲ့(!)(!)ကစားသမားတွေစုပြုံနေတာမို့ နှစ်ဖက်ပေါင်း(၃)ဂိုးပြည့်တာနဲ့ အပြည့်နီးနီးရမယ့်ဈေးကွက်ကိုဘယ်လိုထိုးသားကမှမမက်မောပဲမနေနိုင်ပါဘူး(ဂိုးပေါ်)ဘက်အဓိကဆွဲဆောင်သိမ်းသွင်းထားတဲ့ဈေးကွက်ဖြစ်နေပြီး(ဂိုးအောက်) ဘက်ကိုမနေရဲ၊မထိုင်ရဲအောင်ခြောက်လှန့်မောင်းထုတ်ထားတဲ့ဈေးကွက်အခင်းအကျင်းဖြစ်နေတာမို့ ကြောက်လန့်စရာကောင်းသည့်တိုင်(ဂိုးအောက်) ဘက်ကိုပဲအရဲစွန့်ကြည့်ကြဖို့အကြံဉာဏ်ပြုပေးခဲ့ချင်ပါတယ်။
zawgyi
#ဇဝန