မယုံကြည်နိုင်စရာကောင်းတဲ့ဘဝမှာ ရှင်သန်နေတဲ့ သရဲနီဂိုးသမားဟောင်း

မန်ယူနှင့်ပြင်သစ်ဂိုးသမားဟောင်းဖေဘီယန်ဘားသက်ဇ်ဟာဘောလုံးလောကမှအနားယူပြီးနောက်ကွဲပြားပြီးမယုံကြည်နိုင်စရာကောင်းတဲ့ဘဝတွင်ရှင်သန်းလျက်ရှိနေပါတယ်။

ပြင်သစ်နှင့်အတူ၁၉၉၈ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ဖေဘီယန်ဘားသက်ဇ်ဟာ၂၀၀၀ခုနှစ်တွင်မန်ယူသို့ရောက်လာခဲ့ပြီးဆာအဲလက်စ်ဖာဂူဆန်လက်အောက်တွင်အောင်မြင်မှုများရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ဘားသက်ဇ်ဟာဘောလုံးကစားသမားဘဝမှအနားယူပြီးနောက်ဘောလုံးလောကရဲ့အဝေးသို့ထွက်ခွာသွားခဲ့ပါတယ်။ဘားသက်ဇ်ဟာဘောလုံးကစားသမားဘဝကနေအနားယူပြီးတဲ့နောက်ပရော်ဖက်ရှင်နယ်ကားမောင်းပြိုင်သူ၊အသင်းပိုင်ရှင်ပိုင်ရှင်တို့အဖြစ်ကျင်လည်နေခဲ့ပါတယ်။လက်ရှိအချိန်မှာသူဟာကမ္ဘာကျော် Le Mans 24 Hour Race ကို စတုတ္ထအကြိမ်မြောက်အဖြစ်ပါဝင်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေပါတယ်။

ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ရဘားသက်ဇ်ဟာ၂၀၀၈ခုနှစ်တုန်းက Porsche Carrera Cup France ကို ဝင်ရောက်ယှဉ်ပြိုင်ကာပရော်ဖက်ရှင်ကားမောင်းပြိုင်သမားဘဝကိုစတင်ခဲ့တာဖြစ်ပြီး၂၀၁၃ခုနှစ်မှာ France GT Champion ဖြစ်လာခဲ့ပါတယ်။

ဘားသက်ဇ်ဟာဖော်မြူလာဝမ်းကားမောင်းသမားဟောင်းအိုလီဗာပါနစ်နှင့်ပူးပေါင်းကာပြိုင်ကားအသင်းတစ်သင်းကိုလည်းတည်ထောင်ထားပါသေးတယ်။ပါနစ်ဟာလည်း၁၉၉၆ခုနှစ်တုန်းက Monaco Grand Prix ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၄၉နှစ်ရှိဘားသက်ဇ်ကတော့သူဟာအရင်ကတည်းကကားမောင်းပြိုင်ပွဲကိုချစ်မြတ်နိုးလာခဲ့သူဖြစ်ကြောင်းပြောကြားသွားပါတယ်။

ဘားသက်ဇ်က “ကျွန်တော်ဘောလုံးကစားနေတယ်ဆိုပေမယ့်လည်းကားမောင်းပြိုင်ပွဲကိုအရမ်းစွဲလန်းခဲ့တာပါ။အရမ်းလည်းစိတ်ဝင်စားခဲ့တယ်။ကိုယ့်ကိုယ်ကားတစ်စီးခံစားချင်ခဲ့တယ်။ကျွန်တော်ဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝပြီးဆုံးတဲ့အထိစောင့်ခဲ့ရတယ်”လို့ပြောကြားခဲ့ပါတယ်။

ဘားသက်ဇ်ဟာ၁၉၉၃ခုနှစ်တုန်းကမာဆေးလ်နှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ဖူးပြီးမိုနာကိုနှင့်အတူလီဂူး၁ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာမန်ယူတွင်သုံးရာသီကစားခဲ့စဉ်အတွင်း၁၃၉ပွဲကစားခဲ့ပါတယ်။

zawgyi

မယုံၾကည္ႏိုင္စရာေကာင္းတဲ့ဘဝမွာ ရွင္သန္ေနတဲ့ သရဲနီဂိုးသမားေဟာင္း

မန္ယူႏွင့္ျပင္သစ္ဂိုးသမားေဟာင္းေဖဘီယန္ဘားသက္ဇ္ဟာေဘာလုံးေလာကမွအနားယူၿပီးေနာက္ကြဲျပားၿပီးမယုံၾကည္ႏိုင္စရာေကာင္းတဲ့ဘဝတြင္ရွင္သန္းလ်က္ရွိေနပါတယ္။

ျပင္သစ္ႏွင့္အတူ၁၉၉၈ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ေဖဘီယန္ဘားသက္ဇ္ဟာ၂၀၀၀ခုႏွစ္တြင္မန္ယူသို႔ေရာက္လာခဲ့ၿပီးဆာအဲလက္စ္ဖာဂူဆန္လက္ေအာက္တြင္ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ဘားသက္ဇ္ဟာေဘာလုံးကစားသမားဘဝမွအနားယူၿပီးေနာက္ေဘာလုံးေလာကရဲ႕အေဝးသို႔ထြက္ခြာသြားခဲ့ပါတယ္။ဘားသက္ဇ္ဟာေဘာလုံးကစားသမားဘဝကေနအနားယူၿပီးတဲ့ေနာက္ပေရာ္ဖက္ရွင္နယ္ကားေမာင္းၿပိဳင္သူ၊အသင္းပိုင္ရွင္ပိုင္ရွင္တို႔အျဖစ္က်င္လည္ေနခဲ့ပါတယ္။လက္ရွိအခ်ိန္မွာသူဟာကမာၻေက်ာ္ Le Mans 24 Hour Race ကို စတုတၳအႀကိမ္ေျမာက္အျဖစ္ပါဝင္ယွဥ္ၿပိဳင္ဖို႔ျပင္ဆင္ေနပါတယ္။

ပရီးမီးယားလိဂ္ဖလားႏွစ္ႀကိမ္ရဘားသက္ဇ္ဟာ၂၀၀၈ခုႏွစ္တုန္းက Porsche Carrera Cup France ကို ဝင္ေရာက္ယွဥ္ၿပိဳင္ကာပေရာ္ဖက္ရွင္ကားေမာင္းၿပိဳင္သမားဘဝကိုစတင္ခဲ့တာျဖစ္ၿပီး၂၀၁၃ခုႏွစ္မွာ France GT Champion ျဖစ္လာခဲ့ပါတယ္။

ဘားသက္ဇ္ဟာေဖာ္ျမဴလာဝမ္းကားေမာင္းသမားေဟာင္းအိုလီဗာပါနစ္ႏွင့္ပူးေပါင္းကာၿပိဳင္ကားအသင္းတစ္သင္းကိုလည္းတည္ေထာင္ထားပါေသးတယ္။ပါနစ္ဟာလည္း၁၉၉၆ခုႏွစ္တုန္းက Monaco Grand Prix ကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၄၉ႏွစ္ရွိဘားသက္ဇ္ကေတာ့သူဟာအရင္ကတည္းကကားေမာင္းၿပိဳင္ပြဲကိုခ်စ္ျမတ္ႏိုးလာခဲ့သူျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

ဘားသက္ဇ္က “ကြၽန္ေတာ္ေဘာလုံးကစားေနတယ္ဆိုေပမယ့္လည္းကားေမာင္းၿပိဳင္ပြဲကိုအရမ္းစြဲလန္းခဲ့တာပါ။အရမ္းလည္းစိတ္ဝင္စားခဲ့တယ္။ကိုယ့္ကိုယ္ကားတစ္စီးခံစားခ်င္ခဲ့တယ္။ကြၽန္ေတာ္ဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝၿပီးဆုံးတဲ့အထိေစာင့္ခဲ့ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဘားသက္ဇ္ဟာ၁၉၉၃ခုႏွစ္တုန္းကမာေဆးလ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ဖူးၿပီးမိုနာကိုႏွင့္အတူလီဂူး၁ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာမန္ယူတြင္သုံးရာသီကစားခဲ့စဥ္အတြင္း၁၃၉ပြဲကစားခဲ့ပါတယ္။