ပီအက်စ်ဂျီ ဂိုးပြတ်နိုင်ကိုနိုင်ပါလိမ့်မယ်

ဗုဒ္ဓဟူးည ပြင်သစ်လီဂူး ပွဲစဉ်-၂၈ ပွဲကြိုသုံးသပ်ချက်

ဘော်ဒိုး နှင့် ပီအက်စ်ဂျီ (ည ၂:၃၀)(ဖိုးရာဇာ)

အခုဆိုရင်ပီအက်စ်ဂျီရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းတိုးတက်လာပြီးဇယားထိပ်ဆုံးကလိုင်လီကို အမီလိုက်နိုင်ဖို့ ရမှတ် ၂မှတ်သာလိုအပ်ပါတော့တယ်။တိုက်စစ်ဦးစားပေးလွန်းလို့သာပီအက်စ်ဂျီခံစစ်ကယိုယွင်းနေပေမယ့်တိုက်စစ်မဆိုးပါဘူး။

အဓိကဂိုးသွင်းရှင်အမ်ဘက်ပီပွဲပယ်ထိထားပေမယ့်လည်းကိန်း၊ နေမာ၊ ဒီမာရီယာတို့ရှိနေလို့ ပီအက်စ်ဂျီရဲ့ဂိုးသွင်းအားကြောက်စရာကောင်းနေဆဲဖြစ်မှာပါ။

ဘော်ဒိုးကတော့တိုက်စစ်ကသေ၊ ကွင်းလယ်ကမငြိမ်၊ ခံစစ်ကလည်းယိုယွင်းနဲ့ စိတ်ပျက်စရာကောင်းလွန်းနေတဲ့အသင်းဖြစ်တယ်။ ပီအက်စ်ဂျီ ဂိုးပြတ်နိုင်ကိုနိုင်ပါလိမ့်မယ်။

zawgyi




