
လီယွန်နယ်မက်ဆီဟာ ယခုနှစ်အတွက်BBC Sports Personality ရဲ့ World Sport Star of the Year ဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာအာဂျင်တီးနားကိုကမ္ဘာ့ဖလားရရှိအောင်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၇ဂိုးသွင်းယူကာအဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။
ဘီဘီစီဟာအထက်ပါဆုကိုပြက္ခဒိန်တစ်နှစ်အတွင်းထူးချွန်ပြောင်မြောင်အောင်လုပ်ဆောင်နိုင်တဲ့ကစားသမားကိုချီးမြှင့်တာလည်းဖြစ်ပါတယ်။
ယခုအခါဘီဘီစီဟာအာဂျင်တီးနားကိုသုံးကြိမ်မြောက်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့တဲ့လီယွန်နယ်မက်ဆီကိုချီးမြှင့်ရန်ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
မက်ဆီဟာအာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင် Golden Ball ဆုကိုလည်းဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
မက်ဆီဟာကမ္ဘာ့ဖလားနှောင်းပိုင်းတွင် ပထမဆုံးဆုအဖြစ် BBC Sports Personality ရဲ့ World Sport Star of the Year ဆုကိုဆွတ်ခူးလာတာလည်းဖြစ်ပါတယ်။
မက်ဆီနှင့်အာဂျင်တီးနားအသင်းသားတို့ဟာကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူ အာဂျင်တီးနားအစိုးရရဲ့ဂုဏ်ပြုခြင်းခံရဖို့လည်းသေချာနေပါတယ်။
ZawGyi
BBC Sports Personality ရဲ့ World Sport Star of the Year ဆုကို လီယွန်နယ်မက်ဆီဆွတ်ခူး