BBC Sports Personality of the Year ဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအမျိုးသမီးဘောလုံးမယ်ဖြစ်လာတဲ့ ဘတ်မီး

အင်္ဂလန်နှင့်အာဆင်နယ်တိုက်စစ်မှူးဘတ်မီးဟာ BBC Sports Personality of the Year ဆုကိုဆွတ်ခူးနိုင်တဲ့ပထမဆုံးအမျိုးသမီးဘောလုံးမယ်ဖြစ်လာခဲ့ပါတယ်။

သူမဟာ၂၀၂၂ခုနှစ်အတွက်BBC Sports Personality of the Year ဆုကိုပရိသတ်များရဲ့မဲအများဆုံးရရှိကာဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာနွေရာသီတုန်းကအင်္ဂလန်အမျိုးသမီးအသင်းကိုယူရို၂၀၂၂ချန်ပီယံဖြစ်အောင်၆ဂိုးသွင်းပြီး၅ကြိမ်ဖန်တီးကာအဓိကနေရာမှကူညီခဲ့ပြီးနောက် BBC Sports Personality of the Year ဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာ ယူရို၂၀၂၂ပြိုင်ပွဲရဲ့ဂိုးသွင်းဘုရင်ဆုအပြင်ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဘီဘီစီရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုအင်္ဂလန်အမျိုးသမီးအသင်းကိုယူရို၂၀၂၂ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ဒတ်ချ်လူမျိုးနည်းပြဝီမန်းကဆွတ်ခူးသွားခဲ့ပါတယ်။

အာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့လီယွန်နယ်မက်ဆီဟာလည်း BBC World Sport Star ဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းဟာလည်းအကောင်းဆုံးအသင်းဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

BBC Sports Personality of the Year ဆုကို ဆြတ္ခူးႏိုင္တဲ့ ပထမဆုံးအမ်ိဳးသမီးေဘာလုံးမယ္ျဖစ္လာတဲ့ ဘတ္မီး

အဂၤလန္ႏွင့္အာဆင္နယ္တိုက္စစ္မႉးဘတ္မီးဟာ BBC Sports Personality of the Year ဆုကိုဆြတ္ခူးႏိုင္တဲ့ပထမဆုံးအမ်ိဳးသမီးေဘာလုံးမယ္ျဖစ္လာခဲ့ပါတယ္။

သူမဟာ၂၀၂၂ခုႏွစ္အတြက္BBC Sports Personality of the Year ဆုကိုပရိသတ္မ်ားရဲ႕မဲအမ်ားဆုံးရရွိကာဆြတ္ခူးသြားခဲ့တာလည္းျဖစ္ပါတယ္။

သူမဟာေႏြရာသီတုန္းကအဂၤလန္အမ်ိဳးသမီးအသင္းကိုယူ႐ို၂၀၂၂ခ်န္ပီယံျဖစ္ေအာင္၆ဂိုးသြင္းၿပီး၅ႀကိမ္ဖန္တီးကာအဓိကေနရာမွကူညီခဲ့ၿပီးေနာက္ BBC Sports Personality of the Year ဆုကိုဆြတ္ခူးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

သူမဟာ ယူ႐ို၂၀၂၂ၿပိဳင္ပြဲရဲ႕ဂိုးသြင္းဘုရင္ဆုအျပင္ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ဘီဘီစီရဲ႕တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုအဂၤလန္အမ်ိဳးသမီးအသင္းကိုယူ႐ို၂၀၂၂ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့ဒတ္ခ်္လူမ်ိဳးနည္းျပဝီမန္းကဆြတ္ခူးသြားခဲ့ပါတယ္။

အာဂ်င္တီးနားကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့လီယြန္နယ္မက္ဆီဟာလည္း BBC World Sport Star ဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

အဂၤလန္အမ်ိဳးသမီးအသင္းဟာလည္းအေကာင္းဆုံးအသင္းဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။