ဗီဒယ်အတွက် အပိုဆုကြေးငွေ ရရှိမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာအာတူရိုဗီဒယ်ရဲ့အပြောင်းအရွှေ့အတွက်အင်တာမီလန်ထံမှအပိုဆုကြေးငွေယူရို၁သန်းရရှိမှာဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်ချီလီလက်ရွေးစင်ကစားသမားဟာအင်တာမီလန်တွင်လုပ်ခတိုးမြှင့်ရရှိဦးမှာဖြစ်ကြောင်းသိရပါတယ်။

ချီလီလက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘာစီလိုနာမှအင်တာမီလန်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာဗီဒယ်ကိုလက်လွှတ်စဉ်ကကစားသမားရဲ့စွမ်းဆောင်ရည်၊ကလပ်ရဲ့အောင်မြင်မှုအပေါ်မူတည်ပြီးဆုကြေးငွေရရှိမယ့်အချက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

အင်တာမီလန်ဟာဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်းတွင်ကလပ်သမိုင်းတွင်၁၉ကြိမ်မြောက်အမှတ်ပေးဖလားကိုဆွတ်ခူးခဲ့မှုအတွက်ဘာစီလိုနာကိုယူရို၁သန်းပေးရတော့မှာဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်ယခုရာသီတွင်အင်တာမီလန်တွင်တစ်နှစ်လုပ်ခယူရို၅သန်းသာရရှိတဲ့ဗီဒယ်ဟာလာမယ့်၂၀၂၁-၂၂ရာသီတွင်တစ်နှစ်လုပ်ခယူရို၆.၅သန်းသို့အထိတိုးမြှင့်ရရှိပါမယ်။

ဒါပေမယ့်အင်တာမီလန်ဟာဘဏ္ဍာရေးပြဿနာများကြောင့်အသင်းရဲ့အသုံးစရိတ်ကိုလျှော့ချရန်စီစဉ်နေရာဗီဒယ်ကိုနွေရာသီတွင်ရောင်းချသွားဖို့ရှိနေပါတယ်။

ဗီဒယ်ဟာအင်တာမီလန်သို့ရောက်ရှိတဲ့ပထမဆုံးရာသီတွင်စကူဒက်တိုဖလားဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူ၁၀နှစ်အတွင်းတွင်အမှတ်ပေးဖလား၉ကြိမ်မြောက်ဆွတ်ခူးထားနိုင်သူလည်းဖြစ်ပါတယ်။

zawgyi

ဗီဒယ္အတြက္ အပိုဆုေၾကးေငြ ရရွိမယ့္ ဘာစီလိုနာ

ဘာစီလိုနာဟာအာတူ႐ိုဗီဒယ္ရဲ႕အေျပာင္းအေ႐ႊ႕အတြက္အင္တာမီလန္ထံမွအပိုဆုေၾကးေငြယူ႐ို၁သန္းရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။ဒါ့အျပင္ခ်ီလီလက္ေ႐ြးစင္ကစားသမားဟာအင္တာမီလန္တြင္လုပ္ခတိုးျမႇင့္ရရွိဦးမွာျဖစ္ေၾကာင္းသိရပါတယ္။

ခ်ီလီလက္ေ႐ြးစင္ကစားသမားဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘာစီလိုနာမွအင္တာမီလန္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ဘာစီလိုနာဟာဗီဒယ္ကိုလက္လႊတ္စဥ္ကကစားသမားရဲ႕စြမ္းေဆာင္ရည္၊ကလပ္ရဲ႕ေအာင္ျမင္မႈအေပၚမူတည္ၿပီးဆုေၾကးေငြရရွိမယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

အင္တာမီလန္ဟာဆယ္စုႏွစ္တစ္ခုေက်ာ္ကာလအတြင္းတြင္ကလပ္သမိုင္းတြင္၁၉ႀကိမ္ေျမာက္အမွတ္ေပးဖလားကိုဆြတ္ခူးခဲ့မႈအတြက္ဘာစီလိုနာကိုယူ႐ို၁သန္းေပးရေတာ့မွာျဖစ္ပါတယ္။

အျခားတစ္ဖက္တြင္ယခုရာသီတြင္အင္တာမီလန္တြင္တစ္ႏွစ္လုပ္ခယူ႐ို၅သန္းသာရရွိတဲ့ဗီဒယ္ဟာလာမယ့္၂၀၂၁-၂၂ရာသီတြင္တစ္ႏွစ္လုပ္ခယူ႐ို၆.၅သန္းသို႔အထိတိုးျမႇင့္ရရွိပါမယ္။

ဒါေပမယ့္အင္တာမီလန္ဟာဘ႑ာေရးျပႆနာမ်ားေၾကာင့္အသင္းရဲ႕အသုံးစရိတ္ကိုေလွ်ာ့ခ်ရန္စီစဥ္ေနရာဗီဒယ္ကိုေႏြရာသီတြင္ေရာင္းခ်သြားဖို႔ရွိေနပါတယ္။

ဗီဒယ္ဟာအင္တာမီလန္သို႔ေရာက္ရွိတဲ့ပထမဆုံးရာသီတြင္စကူဒက္တိုဖလားဆြတ္ခူးႏိုင္ခဲ့မႈနဲ႔အတူ၁၀ႏွစ္အတြင္းတြင္အမွတ္ေပးဖလား၉ႀကိမ္ေျမာက္ဆြတ္ခူးထားႏိုင္သူလည္းျဖစ္ပါတယ္။