ဘောလုံးကစားစဉ်မိုးကြိုးပစ်ခံရပြီးလူငယ်တစ်ဦးသေဆုံး

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကဘလက်ပူးလ်မှအသက်၉နှစ်အရွယ်ရှိလူငယ်တစ်ဦးဟာဘောလုံးကစားနေစဉ်မိုးကြိုးပစ်ခံရပြီးသေဆုံးသွားခဲ့ပါတယ်။

အသက်၉နှစ်သာရှိသေးတဲ့ဂျော်ဒန်ဘန့်ခ်ကိုမိုးကြိုးပစ်ခံရပြီးနောက်ရဲနှင့်အရေးပေါ်လူနာတင်ကားများရောက်လာပြီးဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ပါတယ်။ဒါပေမယ့်ဂျော်ဒန်ဘန့်ခ်ဟာဆေးရုံသို့ပို့ဆောင်ပြီးမကြာမီမှာဘဲကွယ်လွန်သွားခဲ့ပါတယ်။

ဂျော်ဒန်ဘန့်ခ်ဟာကလစ်ဖ်တန်ရိန်းဂျားဂျူနီယာအသင်းမှာကစားနေဖြစ်ပါတယ်။ကလစ်ဖ်တန်ရိန်းဂျားဂျူနီယာအသင်းဟာအက်ဖ်အေနှင့်ပူးပေါင်းကာမိသားစုအားအကူအညီပေးရေးလုပ်ဆောင်နေပါတယ်။ဂျော်ဒန်ဘန့်ခ်ဟာလီဗာပူးပရိသတ်တစ်ဦးဖြစ်ကြောင်းလည်းသိရပါတယ်။

ကလစ်ဖ်တန်ရိန်းဂျားဂျူနီယာအသင်းက “မတော်တဆမှုကြောင့်ကျွန်တော်တို့ကစားသမားလေးကိုဆုံးရှုံးလိုက်ရလို့အရမ်းစိတ်မကောင်းဖြစ်ရတယ်။နှလုံးကြေကွဲရပါတယ်။ကျွန်တော်တို့ရဲ့U9 Bees ကစားသမားလေးဂျော်ဒန်ဟာသူချစ်တဲ့အရာကိုလုပ်ဆောင်နေရင်းကံဆိုးစွာဘဲကွယ်လွန်သွားခဲ့တယ်။ဂျော်ဒန်ကတောင်ပနေတဲ့အလင်းတန်းပါ။သူနဲ့တွေ့ဆုံတဲ့သူတိုင်းကိုစိတ်အားထက်သန်အောင်လုပ်ဆောင်ပေးနိုင်တယ်။သန်မာတယ်။ဆုံးဖြတ်ချက်ခိုင်မာတယ်။သတ္တိရှိတဲ့လူငယ်လေးပါ။လူတိုင်းသူ့ကိုအမှတ်ရနေကြမှာပါ”လို့ထုတ်ပြန်သွားပါတယ်။

zawgyi

ေဘာလုံးကစားစဥ္မိုးႀကိဳးပစ္ခံရၿပီးလူငယ္တစ္ဦးေသဆုံး

ၿပီးခဲ့တဲ့အဂၤါေန႔တုန္းကဘလက္ပူးလ္မွအသက္၉ႏွစ္အ႐ြယ္ရွိလူငယ္တစ္ဦးဟာေဘာလုံးကစားေနစဥ္မိုးႀကိဳးပစ္ခံရၿပီးေသဆုံးသြားခဲ့ပါတယ္။

အသက္၉ႏွစ္သာရွိေသးတဲ့ေဂ်ာ္ဒန္ဘန႔္ခ္ကိုမိုးႀကိဳးပစ္ခံရၿပီးေနာက္ရဲႏွင့္အေရးေပၚလူနာတင္ကားမ်ားေရာက္လာၿပီးေဆး႐ုံသို႔အျမန္ပို႔ေဆာင္ခဲ့ပါတယ္။ဒါေပမယ့္ေဂ်ာ္ဒန္ဘန႔္ခ္ဟာေဆး႐ုံသို႔ပို႔ေဆာင္ၿပီးမၾကာမီမွာဘဲကြယ္လြန္သြားခဲ့ပါတယ္။

ေဂ်ာ္ဒန္ဘန႔္ခ္ဟာကလစ္ဖ္တန္ရိန္းဂ်ားဂ်ဴနီယာအသင္းမွာကစားေနျဖစ္ပါတယ္။ကလစ္ဖ္တန္ရိန္းဂ်ားဂ်ဴနီယာအသင္းဟာအက္ဖ္ေအႏွင့္ပူးေပါင္းကာမိသားစုအားအကူအညီေပးေရးလုပ္ေဆာင္ေနပါတယ္။

ေဂ်ာ္ဒန္ဘန႔္ခ္ဟာလီဗာပူးပရိသတ္တစ္ဦးျဖစ္ေၾကာင္းလည္းသိရပါတယ္။

ကလစ္ဖ္တန္ရိန္းဂ်ားဂ်ဴနီယာအသင္းက “မေတာ္တဆမႈေၾကာင့္ကြၽန္ေတာ္တို႔ကစားသမားေလးကိုဆုံးရႈံးလိုက္ရလို႔အရမ္းစိတ္မေကာင္းျဖစ္ရတယ္။ႏွလုံးေၾကကြဲရပါတယ္။ကြၽန္ေတာ္တို႔ရဲ႕U9 Bees ကစားသမားေလးေဂ်ာ္ဒန္ဟာသူခ်စ္တဲ့အရာကိုလုပ္ေဆာင္ေနရင္းကံဆိုးစြာဘဲကြယ္လြန္သြားခဲ့တယ္။ေဂ်ာ္ဒန္ကေတာင္ပေနတဲ့အလင္းတန္းပါ။သူနဲ႔ေတြ႕ဆုံတဲ့သူတိုင္းကိုစိတ္အားထက္သန္ေအာင္လုပ္ေဆာင္ေပးႏိုင္တယ္။သန္မာတယ္။ဆုံးျဖတ္ခ်က္ခိုင္မာတယ္။သတၱိရွိတဲ့လူငယ္ေလးပါ။လူတိုင္းသူ႔ကိုအမွတ္ရေနၾကမွာပါ”လို႔ထုတ္ျပန္သြားပါတယ္။