”တန်းဆင်းဇုန်ကလွတ်ဖို့ သေသေကျေကျေကြိုးစားမယ်”

သောကြာည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၂၈ ပွဲကြိုသုံးသပ်ချက်

ဘီလီဖီးလ် နှင့် ဖရိုင်းဘတ် (ည ၁:၀၀)(မော်ကွန်း)

တန်းဆင်းဇုန်အထက် ၁၄မှတ်အကွာမှာခပ်အေးအေးရှိနေပြီးတန်းတင်ဖို့သေချာသလောက်ရှိနေတဲ့ ဖရိုင်းဘတ်မှာဥရောပဝင်ခွင့်မျှော်လင့်ဖို့လည်းမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်လည်းပွဲတိုင်းကိုဖရိုင်းဘတ်ခပ်အေးအေးကစားပြီးဘွန်ဒက်စ်လီဂါနောက်ဆုံး ၄ပွဲမှာရှုံးပွဲက ၃ပွဲတောင်မှ ရင်ဆိုင်ထားရတာပါ။

ဂရီဖိုနာနေချိန်ဖရိုင်းဘတ်တိုက်စစ်မှာ ပီတာဆန်၊ ဆယ်လိုင်တို့အလုပ်မဖြစ်ကြဘဲကွင်းလယ်နဲ့ခံစစ်ကြောင်းကလည်းအချိတ်အဆက်မိဖို့နေနေသာသာ ကိုယ့်ဘာသာတောင်ရုန်းကန်ကစားနေကြရတယ်။ဘီလီဖီးလ်ကတော့တန်းဆင်းဇုန်ကလွတ်ဖို့ အသည်းအသန်ကြိုးစားနေတဲ့အသင်းပါ။

လက်ရှိအချိန် ဘီလီဖီးလ်တိုက်စစ်ကအသက်မဲ့နေဆဲဆိုပေမယ့် စုဖွဲ့မှုခြေစွမ်း အနည်းငယ်တိုးတက်လာပြီး မာကျောသလိုဖြစ်လာနေပါပြီ။ဖရိုင်းဘတ်ဘက်ကနေ သရေ ၃၅ရှုံး အကျောပေးထားမှုမှာတန်းဆင်းဇုန်ကလွတ်ဖို့ သေသေကျေကျေကြိုးစားမယ့်အိမ်ရှင်နဲ့အတူ ရှိနေကြရမယ်။

zawgyi




