”နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်”

တနင်္ဂနွေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၁၅ ပွဲကြိုသုံးသပ်ချက်

ဘီလီဖီးလ် နှင့် ဟာသာဘာလင် (ည ၁၁:၃၀)(မော်ကွန်း)

ဘွန်ဒက်စ်လီဂါနောက်ဆုံး၁၂ပွဲမှာ ဘီလီဖီးလ်၁၀ပွဲရှုံးထားပြီးနိုင်ပွဲနှစ်ပွဲပဲရရှိထားတယ်။ နိုင်ခဲ့တာကလည်းဇယားအောက်ဆုံးကမိန့်ဇ်နဲ့ရှော်ကေးကိုဖြစ်လို့ အထင်ကြီးစရာမရှိပါဘူး။

ဒါပေမဲ့ဟာသာဘာလင်ကလည်း အိမ်ကွင်းမာကျောသလောက်အဝေးကွင်းညံ့ဖျင်းလှတယ်။ဟာသာဘာလင်ရဲ့ဘွန်ဒက်စ်လီဂါအဝေးကွင်းနောက်ဆုံး ၁၁ပွဲမှာနိုင်ပွဲက၂ပွဲပဲရှိထားတာပါ။

ဒါကြောင့်ဟာသာဘာလင်ရဲ့အဝေးကွင်းညံ့ဖျင်းမှုကရလဒ်ဆိုးကြားရုန်းထွက်ချင်နေတဲ့ဘီလီဖီးလ်အတွက်အခွင့်ကောင်းပါ။ သရေဆိုရင်ပျော်ရမယ့် ဘီလီဖီးလ်နဲ့အတူစွန့်စားမယ်။နေဝင်ညတွေကိုကူးဖြတ်ခဲ့ရတဲ့ဘီလီဖီးလ်အတွက်ရောင်နီသာတဲ့နေ့သစ်လာတော့မှာပါ။

zawgyi

”ေနဝင္ညကို ကူးျဖတ္ၿပီးမွ ေရာင္နီသာတဲ့ေန႔သစ္ကိုေရာက္မယ္”

တနဂၤေႏြည ဂ်ာမန္ဘြန္ဒက္စ္လီဂါ ပြဲစဥ္-၁၅ ပြဲႀကိဳသုံးသပ္ခ်က္

ဘီလီဖီးလ္ ႏွင့္ ဟာသာဘာလင္ (ည ၁၁:၃၀)(ေမာ္ကြန္း)

ဘြန္ဒက္စ္လီဂါေနာက္ဆုံး ၁၂ပြဲမွာ ဘီလီဖီးလ္ ၁၀ပြဲရႈံးထားၿပီး ႏိုင္ပြဲႏွစ္ပြဲပဲ ရရွိထားတယ္။ ႏိုင္ခဲ့တာကလည္း ဇယားေအာက္ဆုံးက မိန႔္ဇ္နဲ႔ေရွာ္ေကးကိုျဖစ္လို႔ အထင္ႀကီးစရာမရွိပါဘူး။ဒါေပမဲ့ ဟာသာဘာလင္ကလည္း အိမ္ကြင္းမာေက်ာသေလာက္ အေဝးကြင္းညံ့ဖ်င္းလွတယ္။

ဟာသာဘာလင္ရဲ႕ဘြန္ဒက္စ္လီဂါအေဝးကြင္းေနာက္ဆုံး ၁၁ပြဲမွာ ႏိုင္ပြဲက ၂ပြဲပဲရွိထားတာပါ။ဒါေၾကာင့္ ဟာသာဘာလင္ရဲ႕အေဝးကြင္းညံ့ဖ်င္းမႈက ရလဒ္ဆိုးၾကား႐ုန္းထြက္ခ်င္ေနတဲ့ ဘီလီဖီးလ္အတြက္ အခြင့္ေကာင္းပါ။ သေရဆိုရင္ေပ်ာ္ရမယ့္ ဘီလီဖီးလ္နဲ႔အတူ စြန႔္စားမယ္။ေနဝင္ညေတြကို ကူးျဖတ္ခဲ့ရတဲ့ ဘီလီဖီးလ္အတြက္ ေရာင္နီသာတဲ့ေန႔သစ္လာေတာ့မွာပါ။