ဂရိရဲ့ခံစစ်ကိုယုံကြည်ချင်မိတယ်
ကြာသပတေးည နိုင်ငံတကာခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
ဘယ်ဂျီယံ နှင့် ဂရိ (ည ၁း၁၅)(စိုင်းကို တောင်ကြီး)
ဘယ်ဂျီယံရောဂရိပါနှစ်သင်းစလုံး အရှုံးမရှိရလဒ်တွေဆက်တိုက်ရှာဖွေနေနိုင်ကြတယ်။ပြိုင်ပွဲစုံနောက်ဆုံး၁၄ပွဲမှာ ရှုံးပွဲဆိုလို့ ရှားရှားပါးပါးတစ်ပွဲတည်းသာ ရင်ဆိုင်ထားခဲ့ရတဲ့ဂရိရဲ့ခြေစွမ်းမာကျောမှုကအထင်ကြီးလေးစားချင်စရာပါ။
ဘယ်ဂျီယံကတော့ဟာဇက်၊ မာတင်းစ်၊ လူကာကူ၊ ဘတ်ရှူယီတို့ ဂိုးဘယ်လောက်ပဲသွင်းသွင်း နောက်တန်းကပေးဂိုးပြန်များလွန်းနေတဲ့အသင်းဖြစ်တယ်။
ဂရိရဲ့ခပ်မာမာတုံ့ပြန်မှုကြောင့်ဘယ်ဂျီယံရဲ့ကစားကွက်သေချာပေါက် ယိမ်းယိုင်သွားပါလိမ့်မယ်။တွေ့ခဲ့ဖူးတဲ့ စုစုပေါင်း ၉ပွဲမှာလည်း ၃ပွဲစီနိုင်ပြီး ၃ပွဲသရေကျခဲ့ကြလို့ ဘယ်သူမှအသာမရခဲ့ပါဘူး။ဂိုးပြတ်နိုင်မှဘယ်ဂျီယံပျော်ရွှင်ခွင့်ရရှိမှာဖြစ်တဲ့ ဖွင့်လှစ်စျေးမှာ ဂရိရဲ့ခံစစ်ကိုယုံကြည်ချင်မိတယ်။
zawgyi