ဘယ်ဂျီယံရဲ့ပြတ်သားတဲ့အောင်ပွဲကို ရှုစားဖို့ ပြင်ဆင်ထား

ဗုဒ္ဓဟူးည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘီလာရုစ် နှင့် ဘယ်ဂျီယံ (ည ၁း၁၅)(ဖိုးရာဇာ)

ရှုံးပွဲတွေ ဆက်တိုက်ရင်ဆိုင်နေရတဲ့ဘီလာရုစ်နဲ့ ရလဒ်တွေကောင်းနေတဲ့ဘယ်ဂျီယံတို့ ရင်ဆိုင်မှုဖြစ်လို့ နှစ်သင်းကြားခြေစွမ်းကွာခြားလွန်းတာအမှန်ပါပဲ။ဘီလာရုစ်ရဲ့အားနည်းချက်က ခံစစ်ပိုင်းယိုယွင်းမှုဖြစ်ပြီး ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဂိုးပေးနေရတယ်။

ဒါကြောင့်ဘယ်ဂျီယံလိုတိုက်စစ်အားကောင်းတဲ့အသင်းကိုဆိုရင်ဘီလာရုစ်ပိုမိုဟန့်တားထိန်းချုပ်နိုင်စွမ်းမရှိလောက်ဘူး။ဘယ်ဂျီယံရဲ့ပြတ်သားတဲ့အောင်ပွဲကို ရှုစားဖို့ ပြင်ဆင်ထားလိုက်ကြစမ်းပါ။

zawgyi




