
မန်ချက်စတာယူနိုက်တက်အလယ်တန်းကစားသမားဒွန်နီဗန်ဒီဘိခ်ဟာဘုန်းမောက်ကိုအနိုင်ရရှိတဲ့ပွဲစဉ်မှဒူးဒဏ်ရာကြောင့်ရာသီအကုန်အထိအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။
အသက်၂၅နှစ်ရှိနယ်သာလန်လက်ရွေးစင်ကစားသမားဟာဇန်နဝါရီလ၃ရက်နေ့တုန်းကဘုန်းမောက်နှင့်ပွဲတွင်ပထမပိုင်းပြီးခါနီးမှာဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဗန်ဒီဘိခ်ရဲ့ဒူးဒဏ်ရာမှာထင်မှတ်ထားသည်ထက်ဆိုးရွားနေမှုနဲ့အတူခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးယခုအကုန်အထိကစားနိုင်တော့မှာမဟုတ်တော့ပါဘူး။
ယူနိုက်တက်နည်ပြအဲရစ်တန်ဟက်ကတော့ဗန်ဒီဘိခ်ဟာလာမယ့်နွေရာသီ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင်ဗန်ဒီဘိခ်အဆင်သင့်ဖြစ်နေမည်ဖြစ် ကြောင်းဆိုသွားပါတယ်။
ဗန်ဒီဘိခ်ဟာ၂၀၂၀ခုနှစ်တုန်းကအေဂျက်စ်မှယူနိုက်တက်သို့ပေါင်၃၅သန်းဖြင့်၅နှစ်စာချုပ်ဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။
သူဟာယူနိုက်တက်တွင်ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်လာခဲ့ရသူလည်းဖြစ်ပါတယ်။
သူဟာယနေ့ညမန်ချက်စတာဒါဘီပွဲကိုစတင်လွဲပါမယ်။ယနေ့ညမန်ချက်စတာဒါဘီပွဲတွင်ယူနိုက်တက်တိုက်စစ်မှူးသစ်ဝေါက်ဝက်ဟော့စ်လည်းပါဝင်လာဦးမှာမဟုတ်သေးပါဘူး။
ZawGyi
ဆိုးရွားလှတဲ့ ဒူးဒဏ်ရာကြောင့် ရာသီအကုန်အထိ နားရမဲ့ ဗန်ဒီဘိခ်