ဘင်ဖီကာ ဂိုးပြတ်အနိုင်ရရှိဖို့မခက်ပါဘူး

အင်္ဂါည ချန်ပီယံလိဂ်ခြေစစ်ပွဲ တတိယအဆင့်(ဒု-အကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘင်ဖီကာ နှင့် စပါးတပ်မော်စကို (ည ၁း၃၀)(စိုင်းကို တောင်ကြီး)

ရုရှားကလပ် စပါးတပ်မော်စကိုရဲ့ခြေစွမ်းကျဆင်းလွန်းနေမှုကမယုံနိုင်စရာကောင်းလှပြီးမာဂုဏ်မြင့်ပါတယ်ဆိုတဲ့အိမ်ကွင်းအစွမ်းအစတောင်မမြင်ရတော့ဘူး။ပထမအကျော့မှာ ၀-၂ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့စပါးတပ်မော်စကိုအတွက်ပေါ်တူဂီမြေမှာလာကစားဖို့ကအိပ်မက်ဆိုးမြင်မက်ရဖို့ပိုပြီးသေချာနေသလိုပါပဲ။

ဘင်ဖီကာဆိုတာက တိုက်စစ်နဲ့ကွင်းလယ်အချိတ်အဆက်မိအားကောင်းပြီး ခံစစ်ကြောင်းကလည်းတည်ငြိမ်မာကျောတဲ့အသင်းဖြစ်တယ်။အနိုင်ရရှိထားပြီးသားဆိုပေမယ့် ဒီပွဲမှာလည်း ဘင်ဖီကာ ဂိုးပြတ်အနိုင်ရရှိဖို့မခက်ပါဘူး။

zawgyi




