Bentley ကားကို ဆီဖြည့်ဖို့ ၇ နာရီနီးပါးစောင့်ခဲ့ပေမယ့် ဆီတစ်စက်မှမရခဲ့တဲ့ ရော်နယ်ဒိုရဲ့ကားဒရိုင်ဘာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကားဒရိုင်ဘာဟာပေါင်၂၂၀၀၀၀တန် Bentley ကားကို ဆီဖြည့်ဖို့အတွက်၇နာရီနီးပါးစောင့်ဆိုင်းနေခဲ့ပေမယ့်လည်းဆီတစ်စက်မှမရဘဲပြန်ခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စူပါကားကိုစူပါစတားရဲ့နေအိမ်နဲ့မိုင်အနည်းငယ်အကွာရှိ Shell ဆီဆိုင်မှာတန်းစီထားတာတွေ့ခဲ့ရတာပါ။

သူနဲ့အတူရော်နယ်ဒိုရဲ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကိုလည်း Range Rover ကားမှာဆီဖြည့်ဖို့အတွက် အတူစောင့်ဆိုင်းနေခဲ့တာတွေ့ရပါတယ်။

ယင်းကားဒရိုင်ဘာများဟာနေ့လည်၂နာရီ၊၂၀မိနစ်ကနေ ဆီဆိုင်သို့ ဆီဘောက်ဆာကား ရောက်လာမယ်ဆိုတဲ့မျှော်လင့်ချက်ဖြင့် ဆီဖြည့်ရန်စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး ၆နာရီ၊မိနစ်၄၀အထိစောင့်ဆိုင်းနေခဲ့ပေမယ့်နောက်ဆုံး ၉ နာရီခန့်အချိန်မှာထွက်ခွာသွားခဲ့ကြပါတယ်။

ယင်းဒရိုင်ဘာများဟာ မိုးရွာနေစဉ် Starbucks ကော်ဖီများသောက်သုံးရင်း ဇွဲကောင်းကောင်းဖြင့်စောင့်ဆိုင်းနေခဲ့ကြတာလည်းဖြစ်ပါတယ်။

တကယ်လို့ ဆီဘောက်ဆာကားရောက်လာခဲ့မယ်ဆိုရင်လည်း Shell က Panic Buyer များကိုတားဆီးတဲ့အနေဖြင့် ကားတစ်စီးလျှင်ပေါင်၃၀ဖိုးသာရောင်းချနေတာကြောင့်၎င်းတို့ဟာလည်း ဆီပေါင်၃၀ဖိုးသာဖြည့်နိုင်ပါမယ်။

ဗြိတိန်တွင်ဓာတ်ဆီမလိုအပ်ဘဲအလျှင်အမြန်ဝယ်ယူမှု၊ဆီဘောက်ဆာကားပြဿနာများကြောင့်ဓာတ်ဆီအကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကားအတွက်ဆီမရခဲ့ပေမယ့်လည်းမနေ့ညတုန်းကအိုးထရက်ဖို့ဒ်မှာဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာနာကျင်အချိန်၉၅မိနစ်မှာမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

ZawGyi

Bentley ကားကို ဆီျဖည့္ဖို႔ ၇ နာရီနီးပါးေစာင့္ခဲ့ေပမယ့္ ဆီတစ္စက္မွမရခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ကားဒ႐ိုင္ဘာ

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကားဒ႐ိုင္ဘာဟာေပါင္၂၂၀၀၀၀တန္ Bentley ကားကို ဆီျဖည့္ဖို႔အတြက္၇နာရီနီးပါးေစာင့္ဆိုင္းေနခဲ့ေပမယ့္လည္းဆီတစ္စက္မွမရဘဲျပန္ခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စူပါကားကိုစူပါစတားရဲ႕ေနအိမ္နဲ႔မိုင္အနည္းငယ္အကြာရွိ Shell ဆီဆိုင္မွာတန္းစီထားတာေတြ႕ခဲ့ရတာပါ။

သူနဲ႔အတူေရာ္နယ္ဒိုရဲ႕လုံၿခဳံေရးအဖြဲ႕ဝင္တစ္ဦးကိုလည္း Range Rover ကားမွာဆီျဖည့္ဖို႔အတြက္ အတူေစာင့္ဆိုင္းေနခဲ့တာေတြ႕ရပါတယ္။

ယင္းကားဒ႐ိုင္ဘာမ်ားဟာေန႔လည္၂နာရီ၊၂၀မိနစ္ကေန ဆီဆိုင္သို႔ ဆီေဘာက္ဆာကား ေရာက္လာမယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္ျဖင့္ ဆီျဖည့္ရန္ေစာင့္ဆိုင္းေနခဲ့ၾကတာျဖစ္ၿပီး ၆နာရီ၊မိနစ္၄၀အထိေစာင့္ဆိုင္းေနခဲ့ေပမယ့္ေနာက္ဆုံး ၉ နာရီခန႔္အခ်ိန္မွာထြက္ခြာသြားခဲ့ၾကပါတယ္။

ယင္းဒ႐ိုင္ဘာမ်ားဟာ မိုး႐ြာေနစဥ္ Starbucks ေကာ္ဖီမ်ားေသာက္သုံးရင္း ဇြဲေကာင္းေကာင္းျဖင့္ေစာင့္ဆိုင္းေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

တကယ္လို႔ ဆီေဘာက္ဆာကားေရာက္လာခဲ့မယ္ဆိုရင္လည္း Shell က Panic Buyer မ်ားကိုတားဆီးတဲ့အေနျဖင့္ ကားတစ္စီးလွ်င္ေပါင္၃၀ဖိုးသာေရာင္းခ်ေနတာေၾကာင့္၎တို႔ဟာလည္း ဆီေပါင္၃၀ဖိုးသာျဖည့္ႏိုင္ပါမယ္။

ၿဗိတိန္တြင္ဓာတ္ဆီမလိုအပ္ဘဲအလွ်င္အျမန္ဝယ္ယူမႈ၊ဆီေဘာက္ဆာကားျပႆနာမ်ားေၾကာင့္ဓာတ္ဆီအက်ပ္အတည္းနဲ႔ရင္ဆိုင္ေနရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကားအတြက္ဆီမရခဲ့ေပမယ့္လည္းမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္မွာဗီလာရီးရဲလ္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာနာက်င္အခ်ိန္၉၅မိနစ္မွာမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ပါတယ္။