ဘန်ဇီးမားကြောင့် မန်ယူသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း မိုက်ကယ်အိုဝင်ဖွင့်ဟ

မန်ယူတိုက်စစ်မှူးဟောင်းမိုက်ကယ်အိုဝင်ဟာမန်ယူသို့ဘာကြောင့်ပြောင်းရွှေ့ခွင့်ရရှိခဲ့သလဲဆိုတာဖွင့်ဟပြောကြားလာပါတယ်။အင်ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းကကာရမ်ဘန်ဇီးမားကမန်ယူသို့မပြောင်းဘဲရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန်ဆုံးဖြတ်ချက်ချခဲ့ခြင်းကြောင့်၎င်းမှာအိုးထရက်ဖို့ဒ်သို့ပြောင်းခွင့်ရရှိလာခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

၂၀၀၉ခုနှစ်တုန်းကရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာကြယ်စင်အစုအဝေးခေတ်သစ်တစ်ခုကိုတည်ထောင်ရန်အတွက်ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနှစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာအေစီမီလန်မှကာကာကိုစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူပြီးရက်အနည်းငယ်အကြာတွင်မန်ယူမှခရစ်စတီယာနိုရော်နယ်ဒိုကိုခေါ်ယူခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာကာကာ၊ရော်နယ်ဒိုတို့နှင့်ရပ်တည်ခြင်းမရှိဘဲလိုင်ယွန်မှပြင်သစ်တိုက်စစ်မှူးဘန်ဇီးမားကိုလည်းယူရိုသန်း၃၀ဖြင့်ခေါ်ယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလိုင်ယန်တိုက်စစ်မှူးအားဆာအဲလက်စ်ဖာဂူဆန်ရဲ့မန်ယူကိုကျော်ဖြတ်ကာခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်ဟာလိုင်ယွန်နှင့်ရင်ဆိုင်ရတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်၎င်းတို့ဘက်သို့ဂိုးသွင်းခဲ့တဲ့ဘန်ဇီးမားကိုခေါ်ယူရန်အပြင်းအထန်ကြိုးပမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့တာပါ။

ယင်းသို့အခြေအနေကြောင့်ဆာအဲလက်စ်ဖာဂူဆန်ဟာအခြားတိုက်စစ်မှူးတစ်ဦးကိုခေါ်ယူရမယ့်အခြေအနေမျိုးတွင်ရှိလာပါတယ်။ယင်းအချိန်တွင်မိုက်ကယ်အိုဝင်မှာလည်းနယူးကာဆယ်မှထွက်ခွာထားကာကလပ်လက်မဲ့ဖြစ်နေပါတယ်။မန်ယူဟာဦးစားပေးပစ်မှတ်ဘန်ဇီးမားကိုမခေါ်ယူနိုင်ပြီးနောက်အိုဝင်ကိုခေါ်ယူရန်ဆုံးဖြတ်ခဲ့ရပါတယ်။

မိုက်ကယ်အိုဝင်က “ဘန်ဇီးမားကယူနိုက်တက်ကိုမရွေးဘဲရီးရဲလ်မက်ဒရစ်ကိုရွေးသွားလို့ကျွန်တော်ယူနိုက်တက်သို့ရောက်ခဲ့မှုသာဖြစ်ပါတယ်။ပထမအကြိမ်ဆာအဲလက်စ်ဖာဂူဆန်ဆီကဖုန်းဆက်တုန်းကဘန်ဇီးမားကိုခေါ်ယူချင်တယ်၊မခေါ်ယူနိုင်ရင်မင်းကိုခေါ်မယ်လို့ပြောခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

မိုက်ကယ်အိုဝင်ဟာမန်ယူအတွက်၁၇ဂိုးသွင်းယူခဲ့ပါတယ်။ဘန်ဇီးမားဟာရီးရဲလ်မက်ဒရစ်သို့ရောက်စတုန်းကရုန်းကန်ခဲ့ရသော်လည်းနောက်ပိုင်းနှစ်များတွင်အရေးပါတဲ့တိုက်စစ်မှူးအဖြစ်ကစားခွင့်ရရှိနေပါတယ်။

 

zawgyi

ဘန္ဇီးမားေၾကာင့္ မန္ယူသို႔ ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္ေၾကာင္း မိုက္ကယ္အိုဝင္ဖြင့္ဟ

မန္ယူတိုက္စစ္မႉးေဟာင္းမိုက္ကယ္အိုဝင္ဟာမန္ယူသို႔ဘာေၾကာင့္ေျပာင္းေ႐ႊ႕ခြင့္ရရွိခဲ့သလဲဆိုတာဖြင့္ဟေျပာၾကားလာပါတယ္။အင္ဂလန္လက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းကကာရမ္ဘန္ဇီးမားကမန္ယူသို႔မေျပာင္းဘဲရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ရန္ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းေၾကာင့္၎မွာအိုးထရက္ဖို႔ဒ္သို႔ေျပာင္းခြင့္ရရွိလာျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

၂၀၀၉ခုႏွစ္တုန္းကရီးရဲလ္မက္ဒရစ္ဥကၠဌဖေလာ္ရင္တီႏိုပီရက္ဇ္ဟာၾကယ္စင္အစုအေဝးေခတ္သစ္တစ္ခုကိုတည္ေထာင္ရန္အတြက္ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးႏွစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာေအစီမီလန္မွကာကာကိုစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူၿပီးရက္အနည္းငယ္အၾကာတြင္မန္ယူမွခရစ္စတီယာႏိုေရာ္နယ္ဒိုကိုေခၚယူခဲ့ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာကာကာ၊ေရာ္နယ္ဒိုတို႔ႏွင့္ရပ္တည္ျခင္းမရွိဘဲလိုင္ယြန္မွျပင္သစ္တိုက္စစ္မႉးဘန္ဇီးမားကိုလည္းယူ႐ိုသန္း၃၀ျဖင့္ေခၚယူခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလိုင္ယန္တိုက္စစ္မႉးအားဆာအဲလက္စ္ဖာဂူဆန္ရဲ႕မန္ယူကိုေက်ာ္ျဖတ္ကာေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ဆာအဲလက္စ္ဖာဂူဆန္ဟာလိုင္ယြန္ႏွင့္ရင္ဆိုင္ရတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္၎တို႔ဘက္သို႔ဂိုးသြင္းခဲ့တဲ့ဘန္ဇီးမားကိုေခၚယူရန္အျပင္းအထန္ႀကိဳးပမ္းခဲ့ေပမယ့္လည္းမေအာင္ျမင္ခဲ့တာပါ။

ယင္းသို႔အေျခအေနေၾကာင့္ဆာအဲလက္စ္ဖာဂူဆန္ဟာအျခားတိုက္စစ္မႉးတစ္ဦးကိုေခၚယူရမယ့္အေျခအေနမ်ိဳးတြင္ရွိလာပါတယ္။ယင္းအခ်ိန္တြင္မိုက္ကယ္အိုဝင္မွာလည္းနယူးကာဆယ္မွထြက္ခြာထားကာကလပ္လက္မဲ့ျဖစ္ေနပါတယ္။မန္ယူဟာဦးစားေပးပစ္မွတ္ဘန္ဇီးမားကိုမေခၚယူႏိုင္ၿပီးေနာက္အိုဝင္ကိုေခၚယူရန္ဆုံးျဖတ္ခဲ့ရပါတယ္။

မိုက္ကယ္အိုဝင္က “ဘန္ဇီးမားကယူႏိုက္တက္ကိုမေ႐ြးဘဲရီးရဲလ္မက္ဒရစ္ကိုေ႐ြးသြားလို႔ကြၽန္ေတာ္ယူႏိုက္တက္သို႔ေရာက္ခဲ့မႈသာျဖစ္ပါတယ္။ပထမအႀကိမ္ဆာအဲလက္စ္ဖာဂူဆန္ဆီကဖုန္းဆက္တုန္းကဘန္ဇီးမားကိုေခၚယူခ်င္တယ္၊မေခၚယူႏိုင္ရင္မင္းကိုေခၚမယ္လို႔ေျပာခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မိုက္ကယ္အိုဝင္ဟာမန္ယူအတြက္၁၇ဂိုးသြင္းယူခဲ့ပါတယ္။ဘန္ဇီးမားဟာရီးရဲလ္မက္ဒရစ္သို႔ေရာက္စတုန္းက႐ုန္းကန္ခဲ့ရေသာ္လည္းေနာက္ပိုင္းႏွစ္မ်ားတြင္အေရးပါတဲ့တိုက္စစ္မႉးအျဖစ္ကစားခြင့္ရရွိေနပါတယ္။