ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို ယူနိုက်တက်အသင်း သိမ်းကြုံးယူ

မန်ချက်စတာယူနိုက်တက်မှမားကပ်စ်ရက်ဖို့ဒ်၊အဲရစ်တန်ဟက်နှင့်ဒေးဗစ်ဒီဂီယာတို့ဟာဖေဖော်ဝါရီလအတွက်တစ်လတာအကောင်းဆုံးဆုများကိုသိမ်း ပိုက်သွားခဲ့ကြပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ကတစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းကောင်း၊အဲရစ်တန်ဟက်ကတစ်လတာအကောင်းဆုံးနည်းပြဆုကိုလည်း ကောင်း၊ ဒေးဗစ်ဒီဂီယာကတစ်လတာအကောင်းဆုံးကာကွယ်မှုဆုကိုလည်းကောင်းဆွတ်ခူးသွားခဲ့ပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာဖေဖော်ဝါရီလအတွင်းတွင်ယူနိုက်တက်အတွက်၅ပွဲကစားခဲ့ရာမှာ၄ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်တစ်လတာအကောင်းဆုံးကစားသ မားဆုကိုဆွတ်ခူးလာတာဖြစ်ပြီးယခုရာသီတွင်၃ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာတစ်ရာသီတည်းတွင်တစ်လတာအကောင်းဆုံးကစားသမားဆုကို၃ကြိမ်ဆွတ်ခူးနိုင်မှုနှင့်အတူ၂၀၁၇-၁၈ရာသီတုန်းကမိုဟာမက်ဆာလက်တင်ထားတဲ့တစ်ရာသီတည်းတစ်လတာအကောင်းဆုံးကစားသမားဆုအများဆုံးဆွတ်ခူးနိုင်တဲ့စံချိန်ကိုလိုက်မီသွားခဲ့ပါတယ်။ဒါ့အပြင်သူဟာဂန်ဒိုဂန်နောက် ပိုင်းတွင်တစ်လတာအကောင်းဆုံးကစားသမားဆုကို၂လဆက်ဆွတ်ခူးနိုင်သူလည်းဖြစ်လာပါတယ်။

အဲရစ်တန်ဟက်မှာလည်းဖေဖော်ဝါရီလအတွင်းတွင်၁၂မှတ်ဖိုးကစားရာမှာ၁၀မှတ်ရယူနိုင်ခဲ့တဲ့အပြင်ခါရာဘောင်ဖလားလည်းဆွတ်ခူးနိုင်ခဲ့မှုကြောင့်ဒုတိယအကြိမ်မြောက်အဖြစ်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဖေဖော်ဝါရီလအတွက်တစ်လတာအကောင်းဆုံးဂိုးဆုကိုဖူလ်ဟမ်စတားဝီလီယံကဆွတ်ခူးသွားခဲ့ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုမ်ားကို ယူႏိုက္တက္အသင္း သိမ္းႀကဳံးယူ

မန္ခ်က္စတာယူႏိုက္တက္မွမားကပ္စ္ရက္ဖို႔ဒ္၊အဲရစ္တန္ဟက္ႏွင့္ေဒးဗစ္ဒီဂီယာတို႔ဟာေဖေဖာ္ဝါရီလအတြက္တစ္လတာအေကာင္းဆုံးဆုမ်ားကိုသိမ္းပိုက္သြားခဲ့ၾကပါတယ္။

မားကပ္စ္ရက္ဖို႔ဒ္ကတစ္လတာအေကာင္းဆုံးကစားသမားဆုကိုလည္းေကာင္း၊အဲရစ္တန္ဟက္ကတစ္လတာအေကာင္းဆုံးနည္းျပဆုကိုလည္းေကာင္း၊ေဒးဗစ္ဒီဂီယာကတစ္လတာအေကာင္းဆုံးကာကြယ္မႈဆုကိုလည္းေကာင္းဆြတ္ခူးသြားခဲ့ပါတယ္။

မားကပ္စ္ရက္ဖို႔ဒ္ဟာေဖေဖာ္ဝါရီလအတြင္းတြင္ယူႏိုက္တက္အတြက္၅ပြဲကစားခဲ့ရာမွာ၄ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးလာတာျဖစ္ၿပီးယခုရာသီတြင္၃ႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

သူဟာတစ္ရာသီတည္းတြင္တစ္လတာအေကာင္းဆုံးကစားသမားဆုကို၃ႀကိမ္ဆြတ္ခူးႏိုင္မႈႏွင့္အတူ၂၀၁၇-၁၈ရာသီတုန္းကမိုဟာမက္ဆာလက္တင္ထားတဲ့တစ္ရာသီတည္းတစ္လတာအေကာင္းဆုံးကစားသမားဆုအမ်ားဆုံးဆြတ္ခူးႏိုင္တဲ့စံခ်ိန္ကိုလိုက္မီသြားခဲ့ပါတယ္။ဒါ့အျပင္သူဟာဂန္ဒိုဂန္ေနာက္ပိုင္းတြင္တစ္လတာအေကာင္းဆုံးကစားသမားဆုကို၂လဆက္ဆြတ္ခူးႏိုင္သူလည္းျဖစ္လာပါတယ္။

အဲရစ္တန္ဟက္မွာလည္းေဖေဖာ္ဝါရီလအတြင္းတြင္၁၂မွတ္ဖိုးကစားရာမွာ၁၀မွတ္ရယူႏိုင္ခဲ့တဲ့အျပင္ခါရာေဘာင္ဖလားလည္းဆြတ္ခူးႏိုင္ခဲ့မႈေၾကာင့္ဒုတိယအႀကိမ္ေျမာက္အျဖစ္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ေဖေဖာ္ဝါရီလအတြက္တစ္လတာအေကာင္းဆုံးဂိုးဆုကိုဖူလ္ဟမ္စတားဝီလီယံကဆြတ္ခူးသြားခဲ့ပါတယ္။