”ဂိုးမပြတ်ဘူးဆိုရင်တောင် အနိုင်ရဖို့သေချာတယ်”

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၂၆ ပွဲကြိုသုံးသပ်ချက်

ဘက်တစ် နှင့် အလာဗက်စ် (ည ၂:၃၀)(သတိုး- မှော်ဘီ)

လာလီဂါနောက်ဆုံး ၁၀ပွဲမှာနိုင်ပွဲတစ်ပွဲတည်းသာရရှိပြီးလာလီဂါတန်းဆင်းဇုန်ထဲကိုဘက်တစ်ရောက်ရှိလာခဲ့ရပါပြီ။ယိုယွင်းလွန်းတဲ့ခံစစ်ကြောင်းကို အလာဗက်စ်ကြိုးစားပြင်ဆင်နေရချိန်မှာဂျိုဆီလူ၊ ပီရက်ဇ်တို့ရဲ့တိုက်စစ်ပိုင်းကလည်းဂိုးသွင်းအားကျဆင်းလာတယ်။

ဘက်တစ်ကတော့လာလီဂါနောက်ဆုံး ၉ပွဲမှာရှုံးပွဲတစ်ပွဲသာရှိထားပြီး ကာနာလက်စ်ဦးဆောင်တဲ့တိုက်စစ်ကပုံမှန်ဂိုးသွင်းအားရှိနေတဲ့အသင်းပါ။အဲဒီ ၉ပွဲမှာ ဘက်တစ်အသင်း နိုင်ပွဲ ၆ပွဲတောင်ရရှိပြီး လတ်တလောမှာ အိမ်ကွင်းဖြစ်ဖြစ်၊ အဝေးကွင်းဖြစ်ဖြစ်ခြေစွမ်းပိုင်းယိမ်းယိုင်သွားခြင်းမရှိဘူး။

ဒါကြောင့်ခြေစွမ်းနဲ့လူအင်အားသာလွန်ပြီး အိမ်ရှင်လည်းဖြစ်တဲ့ဘက်တစ်ကချည်းပဲတစ်ဖက်သတ်ဖိအားပေးကစားနိုင်လိမ့်မယ်။ဂိုးမပြတ်ဘူးဆိုရင်တောင် ဘက်တစ်အနိုင်ရဖို့ သေချာတယ်။

zawgyi

”ဂိုးမျပတ္ဘူးဆိုရင္ေတာင္ အႏိုင္ရဖို႔ေသခ်ာတယ္”

တနလၤာည စပိန္လာလီဂါ ပြဲစဥ္-၂၆ ပြဲႀကိဳသုံးသပ္ခ်က္

ဘက္တစ္ ႏွင့္ အလာဗက္စ္ (ည ၂:၃၀)(သတိုး- ေမွာ္ဘီ)

လာလီဂါေနာက္ဆုံး ၁၀ပြဲမွာ ႏိုင္ပြဲတစ္ပြဲတည္းသာရရွိၿပီး လာလီဂါတန္းဆင္းဇုန္ထဲကို ဘက္တစ္ ေရာက္ရွိလာခဲ့ရပါၿပီ။ယိုယြင္းလြန္းတဲ့ ခံစစ္ေၾကာင္းကို အလာဗက္စ္ ႀကိဳးစားျပင္ဆင္ေနရခ်ိန္မွာ ဂ်ိဳဆီလူ၊ ပီရက္ဇ္တို႔ရဲ႕တိုက္စစ္ပိုင္းကလည္း ဂိုးသြင္းအားက်ဆင္းလာတယ္။

ဘက္တစ္ကေတာ့ လာလီဂါေနာက္ဆုံး ၉ပြဲမွာ ရႈံးပြဲတစ္ပြဲသာရွိထားၿပီး ကာနာလက္စ္ဦးေဆာင္တဲ့တိုက္စစ္က ပုံမွန္ဂိုးသြင္းအားရွိေနတဲ့အသင္းပါ။အဲဒီ ၉ပြဲမွာ ဘက္တစ္အသင္း ႏိုင္ပြဲ ၆ပြဲေတာင္ရရွိၿပီး လတ္တေလာမွာ အိမ္ကြင္းျဖစ္ျဖစ္၊ အေဝးကြင္းျဖစ္ျဖစ္ ေျခစြမ္းပိုင္းယိမ္းယိုင္သြားျခင္း မရွိဘူး။ဒါေၾကာင့္ ေျခစြမ္းနဲ႔ လူအင္အားသာလြန္ၿပီး အိမ္ရွင္လည္းျဖစ္တဲ့ ဘက္တစ္ကခ်ည္းပဲ တစ္ဖက္သတ္ဖိအားေပးကစားႏိုင္လိမ့္မယ္။ဂိုးမျပတ္ဘူးဆိုရင္ေတာင္ ဘက္တစ္ အႏိုင္ရဖို႔ ေသခ်ာတယ္။