အနိုင်ဂိုးတွေကိုပဲ လက်ချိုးရေတွက်ရမယ်

သောကြာည စပိန်လာလီဂါ ပွဲစဉ်-၂ ပွဲကြိုသုံးသပ်ချက်

ဘက်တစ် နှင့် ကာဒစ်ဇ် (ည ၁း၃၀)(သတိုး မှော်ဘီ)

ဘက်တစ်ရောကာဒစ်ဇ်ပါနှစ်သင်းစလုံးလာလီဂါအဖွင့်ပွဲစဉ်မှာသရေရလဒ်တွေထွက်ပေါ်ခဲ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂိုးရလဒ်တွေကလည်း ၁-၁ ဂိုးတွေချည်းပါပဲ။

တကယ်တော့ ဘက်တစ်ဟာလာလီဂါအဝေးကွင်းပွဲတွေဆိုရင်မနှစ်ကတည်းကအမှတ်ရအောင်အဓိကထားလို့ ထိန်းကစားနေခဲ့ပြီးအိမ်ကွင်းမာကျောမှုတော့ ရှိတဲ့အသင်းပါ။

ကာဒစ်ဇ်ကတော့ခံစစ်ယိုယွင်းမှုကို ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲအသင်းလိုက်စုဖွဲ့အားအတော်လေးဖရိုဖရဲနိုင်လှတဲ့အသင်းဖြစ်တယ်။

အခုပွဲမှာအဝေးကွင်းဖြစ်တာကြောင့်ကာဒစ်ဇ်အနေနဲ့ ဘက်တစ်ကိုယှဉ်ဖို့ခက်ခဲနိုင်တယ်။ဘက်တစ်ရဲ့အနိုင်ဂိုးတွေကိုပဲ လက်ချိုးရေတွက်ရပါလိမ့်မယ်။

zawgyi

အႏိုင္ဂိုးေတြကိုပဲ လက္ခ်ိဳးေရတြက္ရမယ္

ေသာၾကာည စပိန္လာလီဂါ ပြဲစဥ္-၂ ပြဲႀကိဳသုံးသပ္ခ်က္

ဘက္တစ္ ႏွင့္ ကာဒစ္ဇ္ (ည ၁း၃၀)(သတိုး ေမွာ္ဘီ)

ဘက္တစ္ေရာ ကာဒစ္ဇ္ပါ ႏွစ္သင္းစလုံး လာလီဂါအဖြင့္ပြဲစဥ္မွာ သေရရလဒ္ေတြ ထြက္ေပၚခဲ့ၾကတယ္။ တိုက္တိုက္ဆိုင္ဆိုင္ ဂိုးရလဒ္ေတြကလည္း ၁-၁ ဂိုးေတြခ်ည္းပါပဲ။တကယ္ေတာ့ ဘက္တစ္ဟာ လာလီဂါအေဝးကြင္းပြဲေတြဆိုရင္ မႏွစ္ကတည္းက အမွတ္ရေအာင္အဓိကထားလို႔ ထိန္းကစားေနခဲ့ၿပီး အိမ္ကြင္းမာေက်ာမႈေတာ့ ရွိတဲ့အသင္းပါ။

ကာဒစ္ဇ္ကေတာ့ ခံစစ္ယိုယြင္းမႈကို ျပင္ဆင္ႏိုင္ျခင္းမရွိေသးဘဲ အသင္းလိုက္စုဖြဲ႕အား အေတာ္ေလးဖ႐ိုဖရဲႏိုင္လွတဲ့အသင္းျဖစ္တယ္။အခုပြဲမွာ အေဝးကြင္းျဖစ္တာေၾကာင့္ ကာဒစ္ဇ္အေနနဲ႔ ဘက္တစ္ကို ယွဥ္ဖို႔ခက္ခဲႏိုင္တယ္။ဘက္တစ္ရဲ႕အႏိုင္ဂိုးေတြကိုပဲ လက္ခ်ိဳးေရတြက္ရပါလိမ့္မယ္။