”ပထမအကျော့ရှုံးကြွေးကို လက်စားပြန်ချေမယ်”
သောကြာည စပိန်လာလီဂါ ပွဲစဉ်-၂၄ ပွဲကြိုသုံးသပ်ချက်
ဘက်တစ် နှင့် ဂီတာဖေး (ည ၂:၃၀)(သတိုး- မှော်ဘီ)
အိန်ဂျယ်၊ မာတာ၊ ကျူကျူရယ်လာ၊ ဟာနန်ဒက်ဇ်တို့ရဲ့ဂီတာဖေးတိုက်စစ်ကအသက်မဲ့လာပြီးအခုဆိုရင်လာလီဂါနောက်ဆုံး ၄ပွဲဆက်ဂိုးပေါက်ပျောက်ထားတယ်။ဂီတာဖေးရဲ့ကွင်းလယ်နဲ့ ခံစစ်ကလည်းတည်ငြိမ်မှုမရှိဘဲအခုနောက်ပိုင်းအဝေးကွင်းပွဲစဉ်တွေဆိုရင်ပိုပြီးတော့အမှားများလာတယ်။
ဒါကြောင့်ကာနာလက်စ်၊ တယ်လိုတို့ရဲ့ဘက်တစ်တိုက်စစ်ထိုးဖောက်မှုကိုဂီတာဖေးခံစစ်ကြောင်းဘယ်လိုမှတောင့်ခံနိုင်စွမ်းမရှိလောက်ဘူး။
ဒါ့အပြင်ဂီတာဖေးတိုက်စစ်ကိုလည်းအိမ်ရှင်ဘက်တစ်ခံစစ်ကြောင်းကအသာလေးထိန်းချုပ်နိုင်မှာပါ။ပထမအကျော့တုန်းကဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ရှုံးကြွေးကိုဘက်တစ်လက်စားပြန်ချေနိုင်ပါလိမ့်မယ်။
zawgyi