သရေတစ်မှတ်ရယူပြဖို့ အခက်အခဲမရှိလောက်ပါဘူး

ကာသပတေးည ယူရိုပါလိဂ်အုပ်စုပွဲစဉ်-၃ အစောပိုင်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘက်တစ် နှင့် လေဗာကူဆင် (ည ၁၁း၁၅)(အိုဇုန်း)

လေဗာကူဆင်တိုက်စစ်ကသူတို့ရဲ့နောက်ဆုံး၉ပွဲဆက်ဒုတိယပိုင်းဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။နောက်ပြီးတော့လေဗာကူဆင်ရဲ့အဝေးကွင်းနောက်ဆုံး၇ ပွဲဆက်တိုက်ပထမပိုင်းမှာကတည်းကသွင်းဂိုးတွေဖြစ်ပေါ်ခဲ့တာချည်းပါပဲ။

တိုက်စစ်အသားပေးတဲ့လေဗာကူဆင်ရဲ့ခံစစ်ကြောင်းကအခုနောက်ပိုင်းလုံခြုံလာတယ်။ဘက်တစ်ကတော့တိုက်စစ်နဲ့ ကွင်းလယ်အားကောင်းသ လောက်နောက်တန်းအမှားများလွန်းတဲ့အသင်းဖြစ်တယ်။လေဗာကူဆင် အနိမ့်ဆုံးသရေတစ်မှတ်ရယူပြဖို့ အခက်အခဲမရှိလောက်ပါဘူး။

zawgyi




