”သိပ်ပြီး အထင်မကြီးလိုက်ပါနဲ့ဦး”

တနင်္လာည စပိန်လာလီဂါ ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်

ဘက်တစ် နှင့် အိုဆာဆူနာ (ည ၂:၃၀)(သတိုး- မှော်ဘီ)

တန်းဆင်းဇုန်ထဲပြန်ရောက်မသွားရအောင်အိုဆာဆူနာအစွမ်းကုန်ကြိုးစားနေပါတယ်။နောက်ဆုံးကစားတဲ့ ဂရန်နာဒါနဲ့ပွဲမှာအိုဆာဆူနာနိုင်ခဲ့တာဟာလာလီဂါနောက်ဆုံး ၁၄ပွဲမှာပထမဆုံးအောင်ပွဲဖြစ်ခဲ့ရတာပါ။

သူတို့ရဲ့ရလဒ်တွေကို သေချာကြည့်မယ်ဆိုရင်လည်းလာလီဂါနောက်ဆုံး၇ပွဲမှာ ရှုံးပွဲဆိုလို့ တစ်ပွဲသာရင်ဆိုင်ခဲ့ရတာတွေ့ရပါလိမ့်မယ်။အဓိကကစားသမားတွေဖြစ်ကြတဲ့ဘူဒီမာနဲ့ ဘရာဆာနက်တို့ အပါအဝင်ပွဲထွက်အတော်များများအိုဆာဆူနာမှာနာနေကြတယ်။

ဒါပေမဲ့ အရန်တွေဆိုတာကလည်း ခြေစွမ်းမာကျောမှုရှိတာကြောင့်အိုဆူနာအတွက်သိပ်ပြီးစိတ်ပူစရာမလိုပါဘူး။ဒီလိုအနေအထားတွေအပြင်အဝေးကွင်းလည်းဖြစ်နေတာကြောင့်အိုဆာဆူနာအနေနဲ့ ပွဲစတယ်ဆိုကတည်းကမရှုံးနိမ့်ရေးအတွက်ဦးစားပေးပြင်ဆင်လာပါလိမ့်မယ်။

ဘက်တစ်ကတော့လတ်တလောခြေစွာသလိုထင်ရပေမယ့် ခံစစ်ယိုယွင်းမှုကြောင့်သိပ်ပြီးစိတ်မချရသေးပါဘူး။ဒါကြောင့်အိမ်ရှင်ဆိုပေမယ့်လည်း ခံစစ်နဲ့ကွင်းလယ်တည်ငြိမ်အောင်ထိန်းသိမ်းနေရတဲ့ဘက်တစ်အနေနဲ့ အိုဆာဆူနာကိုအနိုင်ကစားဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာပါ။

ဘက်တစ်ဘက်ကနေ ၁+၉၅ ဖွင့်လှစ်ထားတာကြောင့်အမှတ်ရအောင်ယူပြမယ့်အိုဆာဆူနာကိုကြိုက်တယ်။အိမ်ရှင်တယ်ဆိုပြီးဘက်တစ်ကိုသိပ်ပြီး အထင်မကြီးလိုက်ပါနဲ့ဦး။သေသေချာချာထပ်ပြောမယ်။ ကစားရမယ့်အသင်းကအိုဆာဆူနာပါနော်။

zawgyi




