“ရှုံးထွက်ဘုရင် မျက်ရည်ခသွားဖို့ သေချာတယ်”

စနေည စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ဘီလ်ဘာအို နှင့် ဘာစီလိုနာ (ည ၂း၀၀)(သတိုး-မှော်ဘီ)

ဒီအဆင့်အထိတက်လှမ်းလာနိုင်ပေမယ့်လည်းဘီလ်ဘာအိုရဲ့ခြေစွမ်းကအထင်ကြီးချင်စရာလုံးဝမရှိဘူး။ လက်ရှိမှာဘီလ်ဘာအိုအသင်းနိုင်ပွဲတွေဆက် တိုက်ပျောက်ဆုံးနေပါတယ်။

ဘီလ်ဘာအိုကွင်းလယ်ကမာကျောမှုမရှိဘဲဂါဆီယာအပေါ်အားကိုးနေရတဲ့တိုက်စစ်ကလည်းဂိုးသွင်းအားကျဆင်းလွန်းနေတယ်။

မက်ဆီ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ တို့ရဲ့ဘာစီလိုနာတိုက်စစ်ကတော့အားကောင်းလှပြီးဘယ်လိုခံစစ်မျိုးကိုမဆိုဖြိုလှဲနိုင်စွမ်းရှိတယ်။ရှုံးထွက်ဘုရင်ဘီလ်ဘာအိုမျက်ရည်ခသွားအောင်ဘာစီလိုနာလုပ်ပြနိုင်ဖို့သေချာတယ်။

zawgyi




