”အကျိုးပြုလာဘ်ကောင်ကဘာစီလိုနာ”

ဗုဒ္ဓဟူးည စပိန်လာလီဂါပွဲကျန် ပွဲကြိုသုံးသပ်ချက်

ဘီလ်ဘာအို နှင့် ဘာစီလိုနာ (ည ၂:၃၀)(သတိုး- မှော်ဘီ)

ဘီလ်ဘာအိုရဲ့နောက်ဆုံး ၄ပွဲဆက်တိုက်ဂိုးပေါင်းတွေနည်းပါးခဲ့ရတယ်ဆိုတာခံစစ်ပိုင်းလုံခြုံလွန်းလို့ဆိုတာထက်ပြိုင်ဘက်တွေညံ့ဖျင်းလွန်းလို့ပါ။ပွဲကျပ်ခြင်းမရှိတာတောင်မှဘီလ်ဘာအိုရဲ့ခြေစွမ်းကအကောင်းဆုံးပုံစံမရှိခဲ့ဘဲ သိသိသာသာလေး ရုန်းကန်ခဲ့ရတာမြင်မိတယ်။

ဘာစီလိုနာကတော့မက်ဆီဦးဆောင်တဲ့တိုက်စစ်ဂိုးမြူးလာပြီးကွင်းလယ်တည်ဆောက်ပုံကလည်းအားရပါးရရှိလာတဲ့အသင်းပါ။နောက်ပြီးတော့ဘာစီလိုနာခံစစ်ကအဝေးကွင်းပွဲစဉ်တွေဆိုရင်ပိုမိုလုံခြုံမှုရှိပြီးသူတို့ရဲ့ပြိုင်ပွဲစုံအဝေးကွင်းနောက်ဆုံး ၉ပွဲမှာ ဂိုးမပေးရအောင် ၄ပွဲအထိစွမ်းဆောင်နိုင်ခဲ့တယ်။

ဒါကြောင့်ဘီလ်ဘာအိုကွင်းဆိုပေမယ့်လည်းဘာစီလိုနာအတွက်အနိုင်ရလဒ်ဆောင်ကျဉ်းပေးနိုင်ဖို့ဆိုတာထင်သလောက်ခက်ခဲမှုမရှိဘူး။တစ်ဂိုးကပ်နိုင်ရင်ပဲ ၅၅ ရနေပြီဖြစ်တဲ့ဘာစီလိုနာကသာအကျိုးပြုလာဘ်ကောင်ဖြစ်လာပါလိမ့်မယ်။

zawgyi




