‘ရှိသမျှဝုန်းလိုက်ကြတော့ ဂိုးပေါင်းဆတိုးလိုက်ဖို့လည်း မမေ့နဲ့”

ကြာသပတေးည စပိန်လာလီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

ဘီလ်ဘာအို နှင့် ဆိုစီဒက် (ည ၇:၃၀)(သတိုး- မှော်ဘီ)

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲဘီလ်ဘာအိုရဲ့နောက်ဆုံး ၇ပွဲဆက်တိုက်ဂိုးပေါင်းစုံဂဏန်းတွေချည်းဖြစ်ပေါ်ထားခဲ့တယ်။ကြားသိရသလောက်ဂိုးပေါင်းမဂဏန်းကိုဆတိုးလိုက်နေသူတွေအများကြီးပါပဲ။

ဒါကြောင့်အွန်လိုင်းကနေစုံမ လောင်းလို့ရသူတွေအနေနဲ့ ကြားကနေဂိုးပေါင်းမကို ဖြတ်လိုက်လို့ရပါတယ်။ ဒါကကြုံလို့ပြောပြတာပါ။ဘီလ်ဘာအိုဟာ လက်ရှိမှာခံစစ်ယိုယွင်းမှုပြဿနာရင်ဆိုင်နေရပြီးလာလီဂါနောက်ဆုံး ၆ပွဲကစားထားတဲ့အနက်နိုင်ပွဲဆိုလို့ ရှားရှားပါးပါးတစ်ပွဲပဲရရှိထားတယ်။

ဒါပေမဲ့လာလီဂါနောက်ဆုံး ၇ပွဲမှာ ရှုံးပွဲကတော့နှစ်ပွဲသာရှိထားတာပါ။နောက်ပြီးတော့ဘီလ်ဘာအိုဟာလာလီဂါအိမ်ကွင်းနောက်ဆုံး ၅ပွဲကစားရာမှာ နိုင်ပွဲက ၄ပွဲအထိတောင်ရယူထားနိုင်ခဲ့တယ်။

ဆိုစီဒက်ကတော့ လောလောဆယ်ခြေကျလွန်းနေပြီး ပြိုင်ပွဲစုံနောက်ဆုံး ၉ပွဲဆက်တိုက်အနိုင်ကင်းမဲ့ထားတဲ့အသင်းပါ။ဂျာနူဇက်၊ ဇယ်ဘူအာ၊ မိုယာ၊ အိုင်လာယာမန်ဒီနဲ့ ဆန်ဂယ်လီတို့ နာနေကြတာကြောင့်လည်းဆိုစီဒက်ရဲ့ကစားအား ပျော့နေဦးမှာသေချာတယ်။

ဆိုစီဒက်ရဲ့အဓိကအားနည်းချက်ကခံစစ်နဲ့ကွင်းလယ်ယိုယွင်းမှုဖြစ်ပြီး အခုချိန်ထိလည်းကြိုးစားပြင်ဆင်နိုင်ခြင်းမရှိသေးဘူး။ဒါကိုတောင် ရာရာစစ သရေဆိုရင်ဆိုစီဒက်နစ်နာရမယ်ဆိုတော့ဘီလ်ဘာအိုဘက်ကနေရှိသမျှပေါင်ဝုန်းလိုက်ပါတော့ဗျာ။ ဂိုးပေါင်းမကိုဆတိုးလိုက်ဖို့လည်းမမေ့ကြပါနဲ့။

Zawgyi




