တိုက်စစ်ချင်းအညံ့ပြိုင်မယ့်ဒီပွဲကဂိုးနည်းဖို့ကလွဲပြီး အခြားမရှိပါဘူး

သောကြာည အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၃၉ ပွဲကြိုသုံးသပ်ချက်

ဘာမင်ဂမ် နှင့် ဆွမ်ဆီး (ည ၁:၃၀)(ဇေကြီး)

လတ်တလောအစဉ်အလာပိုင်းမှာဆွမ်ဆီးသာလွန်ပြီးတွေ့ခဲ့တဲ့နောက်ဆုံး၇ပွဲစလုံးမရှုံးဘဲ ၄ပွဲနိုင်၊ ၃ပွဲသရေကျထားခဲ့တယ်။အစဉ်အလာပိုင်းနိမ့်ကျထားတဲ့ ဘာမင်ဂမ်ရဲ့လက်ရှိခြေစွမ်းကလည်းဆိုးရွားပြီး နောက်ဆုံး ၄ပွဲမှာ ၃ပွဲတောင်ရှုံးပွဲတွေရင်ဆိုင်ခဲ့ရတယ်။

အဲဒီအရှုံး ၃ပွဲစလုံးမှာလည်းဘာမင်ဂမ်တိုက်စစ်ကသွင်းဂိုးလုံးဝမရရှိခဲ့ပါဘူး။ဆွမ်ဆီးကလည်းအဆင့် ၃နေရာအထိတက်ရောက်ရပ်တည်နေပေမယ့် လောလောဆယ်တိုက်စစ်သေပြီး ၂ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးထားတဲ့အသင်းဖြစ်တယ်။တိုက်စစ်ချင်းအညံ့ပြိုင်မယ့်ဒီပွဲကဂိုးနည်းဖို့ကလွဲပြီး အခြားမရှိပါဘူး။

zawgyi




