”ငွေငန်းဖြူတို့ကြောင့် နှင်းဆီခင်းကြီး ပွင့်လန်းနိုင်မှာမဟုတ်ဘူး”

အင်္ဂါည အင်္ဂလန်ချန်ပီယံရှစ် ပြန်ကန်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘလက်ဘန်း နှင့် ဆွမ်ဆီး (ည ၁၂:၃၀)(ဇေကြီး)

နောက်ဆုံးပွဲစဉ်မှာမီဝေါလ်ကိုထပြီးအနိုင်ရရှိလိုက်ပေမယ့်ဘလက်ဘန်းရဲ့ခြေစွမ်းကိုမျက်စိစုံမှိတ်မယုံကြည်လိုက်ကြပါနဲ့ဦး။ဒီလိုမျိုး နိုင်ပွဲရှာလိုက်နိုင်တာဟာ ပြိုင်ဘက်မီဝေါလ်ရဲ့ခြေစွမ်းညံ့ဖျင်းလွန်းမှုကြောင့်ပါ။

ဘလက်ဘန်းရဲ့ကစားပုံက ကသိုင်းကရိုင်းနိုင်နေဆဲဖြစ်ပြီးအိမ်ကွင်းဆိုရင်တိုက်စစ်ကဂိုးဘယ်လောက်သွင်းသွင်းနောက်တန်းကအမှားများလွန်းလှတယ်။ဆွမ်ဆီးကတော့ ချန်ပီယံရှစ်နောက်ဆုံး ၄ပွဲမှာနိုင်ပွဲ၃ပွဲအထိရရှိထားပြီး အယူး၊ လိုဝီ၊ ရောဘတ်စ်တို့ရဲ့ခြေစွမ်းပြမှုနဲ့အတူတိုက်စစ်အားကောင်းလွန်းနေတဲ့အသင်းပါ။

ဆွမ်ဆီးရဲ့ကွင်းလယ်ကလည်းတည်ငြိမ်အားကောင်းလွန်းတာကြောင့်အိမ်ရှင်ဆိုပေမယ့်လည်း ဘလက်ဘန်းအနေနဲ့ခြေရည်တူယှဉ်ကစားဖို့တောင်မလွယ်လောက်ပါဘူး။သရေဆိုရင်ဘလက်ဘန်းကတောင် ခပ်ပါးပါးနစ်နာရမှာဖြစ်လို့ဆွမ်ဆီးကိုလက်တွဲရမယ်။ငွေငန်းဖြူထိုးဆိတ်မှုကြောင့်နှင်းဆီခင်းပွင့်လန်းနိုင်မှာမဟုတ်ပါဘူး။

zawgyi

”ေငြငန္းျဖဴတို႔ေၾကာင့္ ႏွင္းဆီခင္းႀကီး ပြင့္လန္းႏိုင္မွာမဟုတ္ဘူး”

အဂၤါည အဂၤလန္ခ်န္ပီယံရွစ္ ျပန္ကန္ပြဲစဥ္မ်ား ပြဲႀကိဳသုံးသပ္ခ်က္

ဘလက္ဘန္း ႏွင့္ ဆြမ္ဆီး (ည ၁၂:၃၀)(ေဇႀကီး)

ေနာက္ဆုံးပြဲစဥ္မွာ မီေဝါလ္ကိုထၿပီး အႏိုင္ရရွိလိုက္ေပမယ့္ ဘလက္ဘန္းရဲ႕ေျခစြမ္းကို မ်က္စိစုံမွိတ္ မယုံၾကည္လိုက္ၾကပါနဲ႔ဦး။ဒီလိုမ်ိဳး ႏိုင္ပြဲရွာလိုက္ႏိုင္တာဟာ ၿပိဳင္ဘက္မီေဝါလ္ရဲ႕ေျခစြမ္း ညံ့ဖ်င္းလြန္းမႈေၾကာင့္ပါ။ဘလက္ဘန္းရဲ႕ကစားပုံက ကသိုင္းက႐ိုင္းႏိုင္ေနဆဲျဖစ္ၿပီး အိမ္ကြင္းဆိုရင္ တိုက္စစ္က ဂိုးဘယ္ေလာက္သြင္းသြင္း ေနာက္တန္းက အမွားမ်ားလြန္းလွတယ္။

ဆြမ္ဆီးကေတာ့ ခ်န္ပီယံရွစ္ေနာက္ဆုံး ၄ပြဲမွာ ႏိုင္ပြဲ၃ပြဲအထိရရွိထားၿပီး အယူး၊ လိုဝီ၊ ေရာဘတ္စ္တို႔ရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ တိုက္စစ္အားေကာင္းလြန္းေနတဲ့အသင္းပါ။ဆြမ္ဆီးရဲ႕ကြင္းလယ္ကလည္း တည္ၿငိမ္အားေကာင္းလြန္းတာေၾကာင့္ အိမ္ရွင္ဆိုေပမယ့္လည္း ဘလက္ဘန္းအေနနဲ႔ေျခရည္တူယွဥ္ကစားဖို႔ေတာင္ မလြယ္ေလာက္ပါဘူး။သေရဆိုရင္ ဘလက္ဘန္းကေတာင္ ခပ္ပါးပါးနစ္နာရမွာျဖစ္လို႔ ဆြမ္ဆီးကိုလက္တြဲရမယ္။ေငြငန္းျဖဴထိုးဆိတ္မႈေၾကာင့္ ႏွင္းဆီခင္း ပြင့္လန္းႏိုင္မွာမဟုတ္ပါဘူး။