စနေညအတွက်အကောင်းဆုံးသောရိုက်ကွက်(၅)မျိုးဖြင့် မိတ်ဆက်ပေးခြင်း

စနေညအတွက်အကောင်းဆုံးသောရိုက်ကွက်(၅)မျိုးဖြင့် မိတ်ဆက်ပေးခြင်း

Tipster Thiri Shinn Thant

ပထမဆုံးသောပွဲစဉ်အဖြစ်ဘိုချန်(၁+၇၀,၂-၈၅)နှင့်ဂရူသာဖတ်တို့၏ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်(၂၅)အားသုံးသပ်ပေးပါမည်။ဂရူသာဖတ်အနေဖြင့်ဘိုချန်၏အိမ်ကွင်းမှာ(၁၂)ကြိမ်သွားရောက်ကစားထားရာ(၅)ကြိမ်နိုင်ထားပြီး(၄)ကြိမ်သရေကျကာ(၃)ကြိမ်တော့အရေးနိမ့်ထားခဲ့ပါသည်။အဆိုပါ(၁၂) ကြိမ်အတွင်း(၁၀)ကြိမ်အထိဂိုးရထားသည့်ဧည့်သည်၏စွမ်းဆောင်ရည်ဟာတကယ့်ကိုအမိုက်စားပါ။

ဧည့်သည်အသင်းသာအနိုင်(၃)မှတ်ရပါကအမှတ်ပေးဇယားအနေဖြင့်သိပ်ပြီးအပြောင်းအလဲဖြစ်မလာနိုင်ပေမယ့်ဘိုချန်သာနိုင်ခဲ့ရင်တော့ဖရန့်ဖတ်အ သင်း၏အထက်မှာယာယီအားဖြင့်ရပ်တည်သွားပါလိမ့်မည်။ဒီနေရာမှာပြောစရာရှိနေတာကဘွန်ဒက်လီဂါအသင်းတွေဖြစ်သောဘိုချန်နှင့်ဘီးလ်လဖီးလ်တို့၏ ခံစစ်စွမ်းဆောင်ရည်စရိုက်ပါ။

အဆိုပါအသင်းတွေဟာ များသောအားဖြင့်ဂိုးအောက်စရိုက်လက္ခဏာတွေအပြည့်ရှိနေတာကြောင့်စာရေးသူအနေဖြင့်အဆိုပါအသင်းတွေကိုခန့်မှန်းသုံးသပ်တဲ့အခါဘော်ဒီရိုက်ကွက်ထက်စာရင်ဂိုးပေါင်းရွေးချယ်မှု့ကိုသာအဖော်ပြုရပါလိမ့်မည်။သာမန်အသင်းတွေထက်စာရင်ဘိုချန်နှင့်ဘီးလ်လဖီးလ်တို့၏ပွဲစဉ်ကိုထုတ်နှုတ်တဲ့အခါဘော်ဒီရိုက်ကွက်ကိုပဲထုတ်ထုတ်၊ဂိုးပေါင်းအနေအထားကိုပဲရွေးရွေးသာမန်ပွဲစဉ်တွေကိုခန့်မှန်းတဲ့ဘော်ဒီ၊ဂိုးပေါင်းအ နေအထားတွေအောက်(-၁)ဂိုးကိုတော့မဖြစ်မနေထည့်သွင်းတွက်ချက်ရပါလိမ့်မည်။ဥပမာအားဖြင့်အိမ်ရှင်ကို(၂)ဂိုးပေးထားရင်(၁)ဂိုးလောက်သာရမည့် Thinking မျိုး၊နှစ်ဘက်သွင်းဂိုးအား(၃)လုံးပေးထားပါကမိုင်ကုန်(၂)ဂိုးလောက်သာရမည့်ဖော်မြူလာပုံစံမျိုးအားလက်ကိုင်ထားရမည့်အနေအ ထားကိုသာဆိုလိုခြင်းပါ။အကြောင်းကတော့ရဂိုး၊ပေးဂိုးအရနည်းတတ်သည့်ဘိုချန်နှင့်ဘီးလ်လဖီးလ်တို့၏ စရိုက်ကြောင့်သာအဆိုပါအ‌ခြေအနေအား
ရည်ညွှန်းရခြင်းဖြစ်ပါသည်။

ယနေ့ညမှာယှဉ်ပြိုင်လာမည့်ဘိုချန်နှင့်ဂရူသာဖတ်တို့၏ဘော်ဒီနှင့်ဂိုးပေါင်းဝင်ရိုးဖွင့်လှစ်မှု့ဟာအိမ်ရှင်သာကြေးအပြည့်အောင်မြင်ခဲ့ပါက(၂)ဂိုးလောက်အထိသွင်းဂိုးအနေဖြင့်ခွင့်ပြုလို့ရနေသော်ငြားအဆိုပါအိမ်ရှင်အသင်း၏ရဂိုး၊ပေးဂိုး(-၁) စရိုက်ကြောင့်အဆိုပါဖော်မြူလာသာဘောင်ဝင်ခဲ့ရင်ဖြင့် အ များမျှော်လင့်နေသော(၂:ဝ)(၂:၁)ဘာဖြင့်ဖြင့်စာရေးသူတို့ဘက်မှာ(-၁)ဂိုးရှိနေတာကြောင့်မိုင်ကုန်(၁:ဝ)(၂:ဝ)လောက်သာဖြစ်ဖို့ရှိနေလို့Goal Down ရိုက်ကွက်ကသာဖိုက်တာ(၁)၏ အဓိကပစ်မှတ်ပါ။

zawgyi





