တောင်တန်းသားတို့ရဲ့အောင်ပွဲက ချိုမြိန်နေမှာ

ကြာသပတေးည တောင်အမေကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ဘိုလီးဗီးယား နှင့် ဗင်နီဇွဲလား (ည ၂း၃၀)(စိုင်းကို တောင်ကြီး)

ခြေစစ်ပွဲကျရှုံးဖို့ ထိပ်ဆုံးကရေပန်းစားနေတဲ့အသင်းနှစ်သင်း ထိပ်တိုက်ရင်ဆိုင်မှုပါ။နောက်ဆုံးပွဲစဉ်မှာချီလီကိုအနိုင်ရရှိလိုက်ပေမယ့်ခံစစ်ပိုင်းယိုယွင်းမှုကို ဗင်နီဇွဲလား ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။

အဲဒီပွဲမှာ ဂိုးရခဲ့ပေမယ့် ရွန်ဒွန်၊ မာတီနက်ဇ်တို့ရဲ့ဗင်နီဇွဲလားတိုက်စစ်ကယုံကြည်ချင်စရာအခြေအနေမှာမရှိသေးတာတွေ့ရတယ်။ဘိုလီးဗီးယားကတော့ ခံစစ်ပိုင်းအမှားများပေမယ့်ကွင်းလယ်အားကောင်းပြီး မိုရီယို၊ အာစီတို့ရဲ့တိုက်စစ်ပိုင်းကလည်းပုံမှန်ဂိုးသွင်းအားရှိနေတဲ့အသင်းပါ။

တိုက်စစ်အားပိုထက်မြက်တဲ့ ဘိုလီးဗီးယားမှာအိမ်ရှင်အားသာချက်လည်းရှိနေပါသေးတယ်။အနိုင်သေချာတဲ့ဘိုလီးဗီးယားကို ရွေးချယ်အားပေးရင်မမှားနိုင်ဘူး။တောင်တန်းသားတို့ရဲ့အောင်ပွဲကချိမြိန်နေပါလိမ့်မယ်။

zawgyi




