အိမ်ကွင်းဆို လှည့်ကြည့်စရာမလိုတဲ့ ဘိုလော့ဂ်နာ

တနင်္လာည အီတလီစီးရီးအေ ပွဲစဉ်-၁၁ ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ နှင့် ကက်ဂလီယာရီ(ည ၂း၁၅)(ရွှေဘိုသား)

ဘိုလော့ဂ်နာဟာ ရှုံးပွဲဆက်နေပေမယ့်ဒီရာသီစီးရီးအေမှာအိမ်ကွင်းကောင်းတဲ့အသင်းတစ်သင်းပါ။ကစားခဲ့တဲ့စီးရီးအေအိမ်ကွင်း ၅ ပွဲမှာအေစီမီလန်တစ်သင်းတည်းကိုသာရှုံးထားပြီးဒါတောင် ၂ ဂိုးသွင်းနိုင်ခဲ့ပြီးနောက်ကျဂိုးတွေကြောင့်ရှုံးခဲ့ရတာပါ။

ဇယားအောက်ခြေရောက်နေတဲ့ကက်ဂလီယာရီကတော့ဒီရာသီအဝေးကွင်း ၄ ပွဲမှာ ၃ ပွဲရှုံးထားပါတယ်။အဝေးကွင်းပွဲတွေမှာအနိမ့်ဆုံး၂ ဂိုးနှုန်းပေးနေရတဲ့ကက်ဂလီယာရီနဲ့အိမ်ကွင်းပွဲမှာဘိုလော့ဂ်နာအမှတ်ပြည့်ရမှာပါ။

zawgyi




