ဒီပွဲနိုင်အောင် ဖောင်ဖျက်တိုက်ပွဲဝင်ပါလိမ့်မယ်

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၃၈ ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ နှင့် ဂျူဗင်တပ် (ည ၁း၁၅)(မြန်မာပြည်ဂုရု)

ဂျူဗင်တပ်ရဲ့နောက်ဆုံး ၅ပွဲရလဒ်တွေကိုကြည့်လိုက်တော့နှစ်သင်းပေါင်းသွင်းဂိုးအနည်းဆုံး ၃ဂိုးဆိုတာကို မြင်လိုက်ရတယ်။ဒါဟာ သူတို့ခံစစ်ကြောင်းက ဘယ်လောက်ပဲပေးဂိုးများများတိုက်စစ်ပိုင်းကဂိုးလှိုင်လှိုင်ပြန်သွင်းနိုင်စွမ်းရှိနေလို့ပါ။

လက်ရှိမှာချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဂျူဗင်တပ်မျှော်လင့်နေနိုင်ဆဲဖြစ်လို့ အေစီမီလန်၊ နာပိုလီတို့ရဲ့ ခြေချော်မှုကိုစောင့်ဆိုင်းရင်းဒီပွဲနိုင်အောင်ဖောင်ဖျက်တိုက်ပွဲဝင်ပါလိမ့်မယ်။ဘိုလော့ဂ်နာကအမှတ်မလိုတော့ဘဲ ခံစစ်ယိုယွင်းလွန်းတဲ့အသင်းဖြစ်နေတာဟာဂျူဗင်တပ်အတွက်ကံကောင်းမှုပါပဲ။

zawgyi




