ရယူမှာက အနိုင် ၃မှတ်

တနင်္လာည အီတလီစီးရီးအေ ပွဲစဉ်-၃ ပွဲကြိုသုံးသပ်ချက်

ဘိုလော့ဂ်နာ နှင့် ဗီရိုနာ (ည ၁း၁၅)(အိုဇုန်း)

အဖွင့်ပွဲစဉ် ၂ပွဲမှာအိမ်ကွင်းဖြစ်တာတောင်မှအရှုံးရလဒ်တွေရင်ဆိုင်ခဲ့ရတဲ့ဗီရိုနာရဲ့ခြေစွမ်းကဘယ်လိုမှယုံကြည်ချင်စရာမကောင်းဘူး။ဗီရိုနာရဲ့အားနည်း ချက်ကခံစစ်ပိုင်းယိုယွင်းမှုဖြစ်ပြီးဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဂိုးအလှူပေးနေရတယ်။

အခုကစားရမှာကိုအဝေးကွင်းဖြစ်လို့ ဗီရိုနာအတွက်ပိုပြီးတော့မလွယ်နိုင်ဘူး။ဘိုလော့ဂ်နာကတော့ခပ်မာမာခြေစွမ်းကိုပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ရာသီက အားနည်းချက်တွေကို ကြိုးစားပြင်ဆင်ထားနိုင်တဲ့အသင်းဖြစ်တယ်။

ဒါကြောင့်အိမ်ကွင်းမှာဘိုလော့ဂ်နာအနေနဲ့ ယိုယွင်းတဲ့ပြိုင်ဘက်ဗီရိုနာကိုခြေစွမ်းအသာစီးယူယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ဘိုလော့ဂ်နာရယူမှာကသရေတစ်မှတ်မဟုတ်ဘူးအနိုင် ၃မှတ်ပါ။

zawgyi

ရယူမှာက အနိုင် ၃မှတ်



