သင်္ကြန်အမြောက်ကြီးရဲ့တာထွက်က ဖွတ်ချပ်ဖွတ်ချပ်မြည်လို့

သောကြာည အင်္ဂလန်ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်-၁ ပွဲကြိုသုံးသပ်ချက်

ဘရန့်ဖို့ဒ် နှင့် အာဆင်နယ် (ည ၁း၃၀)(စိုင်းကို တောင်ကြီး)

ပလေးအော့ဖ်ကစားပြီးမှပရီးမီးယားလိဂ်ဆီတက်လှမ်းလာရပေမယ့်တန်းတက်အသင်းတွေထဲမှာဘရန့်ဖို့ဒ်တိုက်စစ်ကအားအကောင်းဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီချန်ပီယံရှစ်မှာသွင်းဂိုးအများဆုံးအဖြစ်ရပ်တည်ခဲ့တဲ့ ဘရန့်ဖို့ဒ်မှာအိုင်ဗန်တိုနေးလို လိဂ်ဂိုးသွင်းဘုရင်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။တိုက်စစ်ထက်မြက်တဲ့ဘရန့်ဖို့ဒ်မှာအိမ်ကွင်းမာကျောမှုဆိုတဲ့ဂုဏ်ရည်လေးကလည်းရှိနေပြန်တယ်။

အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ရာသီကုန်ခါနီးခြေစွာလွန်းခဲ့ပေမယ့်ရာသီကြိုပြင်ဆင်မှုကတော့အားရစရာအခြေအနေမရှိပါဘူး။အဝေးကွင်းဆိုရင်ခံစစ်ကြောင်းယိုယွင်းမှုကအာဆင်နယ်ကိုစိတ်ဓာတ်ပိုင်းအရခြိမ်းခြောက်နေဦးမှာပါ။

အာဆင်နယ်ဘက်ကနေ ၁+၉၀ဖွင့်လှစ်ထားမှုမှာ သရေခံကစားမယ့်တန်းတက်ဘရန့်ဖို့ဒ်နဲ့အတူရှိနေသင့်တယ်။ သင်္ကြန် အမြောက်ကြီးရဲ့တာထွက်ကဖွတ်ချပ်ဖွတ်ချပ်မြည်မြည်လို့ပေါ့။

zawgyi




