ဘရန့်ဖို့ဒ်ကို ရွေးချယ်အားပေးတာ မှန်ကန်တဲ့လုပ်ရပ်

ပရီးမီးယားလိဂ်တန်းတက် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘရန့်ဖို့ဒ် နှင့် ဘုန်းမောက် (ညနေ ၆းဝဝ)(ဇေကြီး)

ပထမအကျော့တုန်းကဘုန်းမောက်ကွင်းမှာ ၁-ဝဂိုးနဲ့ အရေးနိမ့်လိုက်တာကြောင့်အခုပွဲမှာ ဘရန့်ဖို့ဒ် ဖောင်ဖျက်တိုက်ပွဲဝင်ရပါတော့မယ်။နဂိုကတည်းက နှစ်သင်းကြားလူအင်အားနဲ့ ခြေစွမ်းချင်းနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဘရန့်ဖို့ဒ်ကအများကြီးသာလွန်မှုရှိပါတယ်။

အဲဒါတောင်အဝေးကွင်းမှာခြေချော်ခဲ့ရလို့ အခုပွဲမှာတော့ ဘရန့်ဖို့ဒ်နည်းနည်းလေးတောင်အမှားမခံဘဲအထူးပြင်ဆင်လာမှာပါ။ဘုန်းမောက်အနေနဲ့ ခံစစ်ဦးစားပေးယှဉ်ပြိုင်လာမှာဆိုပေမယ့် အဝေးကွင်းဆိုရင် သူတို့ရဲ့ခံစစ်ကြောင်းကလုံခြုံမှုမရှိလို့ အခုပွဲမှာဂိုးပေးကိုပေးရလိမ့်မယ်။

ပွဲစပြီဆိုကတည်းကအစွမ်းကုန်တိုက်စစ်ဖွင့်မယ့်ဘရန့်ဖို့ဒ် အနေနဲ့ တိုနေး၊ ကာနော့စ်တို့ အစွမ်းပြမှုနဲ့အတူဘုန်းမောက်ကို ခြေစွမ်းအသာစီးယူဖိအားပေးနိုင်မှာပါ။သရေ ၉၀ရှုံး အကျောပေးထားတဲ့ဘရန့်ဖို့ဒ်ကို ရွေးချယ်အားပေးတာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်စေရမယ်။ဘရန့်ဖို့ဒ်မနိုင်ဘူးဆိုရင် ကြိုက်တာလာတောင်းပေးမယ်ဗျာ။

zawgyi




