လန်ဒန်ကောင်းကင်ကို လာရောက်ကြီးစိုးမယ့် စင်ရော်တွေ

သောကြာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၁ ပွဲကြိုသုံးသပ်ချက်

ဘရန့်ဖို့ဒ် နှင့် ဘရိုက်တန်(ည ၁း၃၀)(စိုင်းကိုတောင်ကြီး)

ပြီးခဲ့တဲ့စက်တင်ဘာအစမှာလိဒ်ကိုအနိုင်ရခဲ့ပြီးကတည်းကနိုင်ပွဲဆိုတာပျားတွေနဲ့ မသက်ဆိုင်တော့သလိုပါပဲ။စင်ရော်တွေကလည်းနည်းပြသစ်ဒီဇာဘီလက်ထက်မှာနိုင်ပွဲမရှိသေးပါဘူး။ဒါပေမဲ့အန်ဖီးလ်မှာလီဗာပူးကို ၃-၃ သရေကစားပြခဲ့သလိုစပါးနဲ့ပွဲမှာလည်းဟယ်ရီကိန်းရဲ့တစ်လုံးတည်းသောဂိုးနဲ့သာကပ်ရှုံးခဲ့တာပါ။

ဒီရာသီအဝေးကွင်းမှာလည်းဘရိုက်တန်ခြေချော်လက်ချော်ဖြစ်တာဆိုလို့ ဖူလ်ဟမ်နဲ့တစ်ပွဲသာရှိခဲ့သလိုထရော့ဆတ်တို့တိုက်စစ်ကလည်းအဝေးကွင်းပွဲတိုင်းဂိုးရထားပါတယ်။လန်ဒန်ကောင်းကင်ယံမှာ စင်ရော်တွေပျော်ပျော်ရွှင်ရွှင်ပျံသန်းနေကြလေရဲ့။

zawgyi

လန္ဒန္ေကာင္းကင္ကို လာေရာက္ႀကီးစိုးမယ့္ စင္ေရာ္ေတြ

ေသာၾကာည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၁၁ ပြဲႀကိဳသုံးသပ္ခ်က္

ဘရန္႔ဖို႔ဒ္ ႏွင့္ ဘ႐ိုက္တန္(ည ၁း၃၀)(စိုင္းကိုေတာင္ႀကီး)

ၿပီးခဲ့တဲ့စက္တင္ဘာအစမွာ လိဒ္ကို အႏိုင္ရခဲ့ၿပီးကတည္းက ႏိုင္ပြဲဆိုတာ ပ်ားေတြနဲ႔ မသက္ဆိုင္ေတာ့သလိုပါပဲ။စင္ေရာ္ေတြကလည္း နည္းျပသစ္ဒီဇာဘီလက္ထက္မွာ ႏိုင္ပြဲမရွိေသးပါဘူး။ဒါေပမဲ့ အန္ဖီးလ္မွာ လီဗာပူးကို ၃-၃ သေရကစားျပခဲ့သလို စပါးနဲ႔ပြဲမွာလည္း ဟယ္ရီကိန္းရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔သာ ကပ္ရႈံးခဲ့တာပါ။

ဒီရာသီအေဝးကြင္းမွာလည္း ဘ႐ိုက္တန္ေျခေခ်ာ္လက္ေခ်ာ္ျဖစ္တာဆိုလို႔ ဖူလ္ဟမ္နဲ႔တစ္ပြဲသာ ရွိခဲ့သလို ထေရာ့ဆတ္တို႔တိုက္စစ္ကလည္း အေဝးကြင္းပြဲတိုင္း ဂိုးရထားပါတယ္။လန္ဒန္ေကာင္းကင္ယံမွာ စင္ေရာ္ေတြ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပ်ံသန္းေနၾကေလရဲ႕။