အနောက်လန်ဒန်အရပ်က ဂိုးသွင်းပွဲတော်

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

ဘရန့်ဖို့ဒ် နှင့် လီဗာပူး(ည ၁၂း၀၀)(စိုင်းကို တောင်ကြီး)

ပျားတွေကဒီရာသီ အသင်းကြီးတွေနဲ့တွေ့ဆုံမှုတွေမှာထိပ်ဆုံးကအာဆင်နယ်တစ်သင်းကိုပဲဒူးထောက်ခဲ့ရတာပါ။ပြီးခဲ့တဲ့စနေမတိုင်ခင်နောက်ဆုံး၂ ပွဲမှာဆို မန်စီးတီးကိုအနိုင်၊ စပါးကို သရေကျခဲ့ပြီး အဲဒီ ၂ ပွဲမှာတိုနေးတို့တိုက်စစ်ကလည်း ၂ ဂိုးစီသွင်းနိုင်ခဲ့ပါတယ်။

ကြိုးကြာနီတို့ကလည်းဒါ၀င်နူနက်ဇ်ဖြုန်းနေတာတောင်နောက်ပိုင်းပရီးမီးယားလိဂ်ပွဲတွေမှာဂိုးမြူးခဲ့တာပါ။ဒါပေမဲ့ဗန်ဒစ်ဂ်ျတို့ ခံစစ်ကနောက်ဆုံးလိဂ် ၅ ပွဲစလုံးမှာဂိုးပေးခဲ့ရလို့ ဘရန့်ဖို့ဒ်ကိုပေးဂိုးမရှိကန်နိုင်ဖို့ လွယ်မယ်မထင်ဘူး။အနောက်လန်ဒန်မှာဂိုးသွင်းပွဲတော်ကြီးကျင်းပနေတယ်။

zawgyi

အေနာက္လန္ဒန္အရပ္က ဂိုးသြင္းပြဲေတာ္

တနလၤာည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၁၉ ပြဲႀကိဳသုံးသပ္ခ်က္

ဘရန္႔ဖို႔ဒ္ ႏွင့္ လီဗာပူး(ည ၁၂း၀၀)(စိုင္းကို ေတာင္ႀကီး)

ပ်ားေတြက ဒီရာသီ အသင္းႀကီးေတြနဲ႔ေတြ႕ဆုံမႈေတြမွာ ထိပ္ဆုံးက အာဆင္နယ္တစ္သင္းကိုပဲ ဒူးေထာက္ခဲ့ရတာပါ။ၿပီးခဲ့တဲ့စေနမတိုင္ခင္ ေနာက္ဆုံး ၂ ပြဲမွာဆို မန္စီးတီးကိုအႏိုင္၊ စပါးကို သေရက်ခဲ့ၿပီး အဲဒီ ၂ ပြဲမွာ တိုေနးတို႔တိုက္စစ္ကလည္း ၂ ဂိုးစီသြင္းႏိုင္ခဲ့ပါတယ္။

ႀကိဳးၾကာနီတို႔ကလည္း ဒါ၀င္ႏူနက္ဇ္ျဖဳန္းေနတာေတာင္ ေနာက္ပိုင္းပရီးမီးယားလိဂ္ပြဲေတြမွာ ဂိုးျမဴးခဲ့တာပါ။ဒါေပမဲ့ ဗန္ဒစ္ဂ္်တို႔ ခံစစ္က ေနာက္ဆုံးလိဂ္ ၅ ပြဲစလုံးမွာ ဂိုးေပးခဲ့ရလို႔ ဘရန္႔ဖို႔ဒ္ကို ေပးဂိုးမရွိကန္ႏိုင္ဖို႔ လြယ္မယ္ မထင္ဘူး။အေနာက္လန္ဒန္မွာ ဂိုးသြင္းပြဲေတာ္ႀကီးက်င္းပေနတယ္။