ဆမ်ဘာတေးသွားကို ခလုတ်ဖွင့်လိုက်ကြ
အင်္ဂါနံနက် ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
ဘရာဇီး နှင့် ပီရူး (နံနက် ၅း၃၀)(မြန်မာပြည်ဂုရု)
ဒီအဆင့်အထိပီရူးတက်လှမ်းလာနိုင်တယ်ဆိုတာလာပါဒူလာ၊ ကာရယ်လိုတို့ ခြေစွမ်းပြမှုနဲ့အတူတိုက်စစ်ပိုင်းဂိုးသွင်းနိုင်လို့ပါ။ ပီရူးခံစစ်ကတော့အမှားများလွန်းပြီးကွင်းလယ်ကဆိုရင်လည်း နောက်တန်းကိုကူညီနိုင်စွမ်းမရှိဘူး။
ဒါကြောင့်ပီရူးတိုက်စစ်ဂိုးဘယ်လောက်သွင်းသွင်းခံစစ်ကတော့ပေးဂိုးများလွန်းနေခဲ့ပါတယ်။ဘရာဇီးဆိုတာကအိမ်ရှင်အားသာချက်ရှိပြီးခံစစ်နဲ့ကွင်းလယ်ပိုင်း တည်ငြိမ်လုံခြုံလွန်းနေတဲ့အသင်းပါ။ပီရူးရဲ့ကစားဟန်ကဘရာဇီးလိုအသင်းမျိုးနဲ့ဆိုရင်သေချာပေါက်ရုန်းကန်ရတတ်ပါတယ်။
ဒါကြောင့်လည်းအုပ်စုအဆင့်မှာတွေ့ဆုံတုန်းကဘရာဇီးကိုပီရူး ၄ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။အခုပွဲမှာလည်းနှစ်သင်းကြားခြေစွမ်းကွာခြားလွန်းတာကြောင့်ဘရာဇီးကချည်းပဲတစ်ဖက်သတ်ဖိအားပေးတိုက်စစ်ဆင်ပါလိမ့်မယ်။၂+၇၅ အထိ အကျောပေးထားပေမယ့်လည်းဘရာဇီးဂိုးပြတ်နိုင်မယ်လို့ ယုံကြည်တာကြောင့်ဆမ်ဘာတေးသွားသီချင်းကိုခလုတ်ဖွင့်လိုက်ကြရအောင်ဗျာ။
zawgyi