မြေခွေးတွေလည်း ပြေးလွတ်မှာမဟုတ်တဲ့ ပျားတုပ်ခံရမယ့်ဘေး

စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၈ ပွဲကြိုသုံးသပ်ချက်

ဘရန့်ဖို့ဒ် နှင့် လက်စတာ(ည ၉း၃၀)(စိုင်းကိုတောင်ကြီး)

ပျားတွေဟာ ၂၀၂၃ မှာ အိမ်ကွင်းအကောင်းဆုံးပရီးမီးယားလိဂ်အသင်းတွေထဲကတစ်သင်းပါ။ဒီနှစ်ထဲကစားရတဲ့ပရီးမီးယားလိဂ်အိမ်ကွင်း ၅ ပွဲစလုံးမှာမရှုံးခဲ့ဘဲ ၄ ပွဲအနိုင်ရခဲ့ပါတယ်။

မြေခွေးတွေကတော့စပါးကို ၄-၁ နဲ့နိုင်ပြီးကတည်းကစုန်းစုန်းမြုပ်သွားပြီး ၅ ပွဲဆက်အရှုံးနဲ့ ပြန်ပေါ်မလာသေးပါဘူး။ဘရန်ဒန်ရော်ဂျာရဲ့အသင်းဟာ အဝေးကွင်းဆိုလည်းမျှော်စရာမရှိဘဲနောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ၅ ပွဲမှာ ၄ ပွဲရှုံးထားပါတယ်။မြေခွေးတွေလည်းပျားတုပ်ခံရတော့မှာပါ။

zawgyi




