ဘရက်စ်ရဲ့ရုန်းအားကို ပို သဘောကျမိ

တနင်္ဂနွေနေ့ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

ဘရက်စ် နှင့် မိုနာကို (ည ၁၀း၃၀)(ဖိုးရာဇာ)

ဘရက်စ်ဟာမက်ဇ်နဲ့ စိန့်အီတီယန်လိုပဲဒီရာသီပြင်သစ်လိဂ်မှာရလဒ်အဆိုးဆုံးအသင်းတွေဖြစ်နေပါတယ်။ဒါပေမယ့်နောက်ဆုံးပွဲစဉ်မှာလိုင်လီကိုသရေခံကစားနိုင်ခဲ့တာအပါအဝင်သရေပွဲ ၆ပွဲအထိကစားနိုင်ခဲ့တဲ့ဘရက်စ်ရဲ့ခြေစွမ်းကိုတော့ မိုနာကို သတိထားရပါမယ်။မိုနာကိုကလည်းခြေစွမ်းအကောင်းကြီးမဟုတ်သေးဘူး။

ဒီရာသီမှာဂိုးအများဆုံးသွင်းပေးထားတဲ့တိုက်စစ်မှူးဘန်ယက်ဒါကအစပုံမှန်ဂိုးသွင်းခြေမရှိသေးပါဘူး။ချူမန်နီ ပြန်ကစားနိုင်ပြီဖြစ်ပေမယ့် မိုနာကိုရဲ့ ကွင်းလယ်ကဘောလုံးအပျက်များလေ့ရှိတာကြောင့်လည်းဘရက်စ်ရဲ့ရုန်းအားကိုပိုသဘောကျမိပါတယ်။ ဘရက်စ်ကမထင်မှတ်ဘဲသရေကစားသွားနိုင်ခြေရှိတဲ့ပွဲပါ။

zawgyi




