”ဂိုးမပြတ်ဘူးဆိုရင်တောင် နိုင်ပါလိမ့်မယ်”

စနေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

ဘရိုက်တန် နှင့် နယူးကာဆယ် (ည ၂:၃၀)(အိုဇုန်း)

နယူးကာဆယ်ရဲ့ဒီရာသီပရီးမီးယားလိဂ်အဝေးကွင်း ၁၄ပွဲမှာဂိုးပေါင်းတိတိကျကျ ၂ဂိုးရလဒ်ထွက်ပေါ်တာ၉ပွဲအထိတောင် ရှိထားပါတယ်။ ဒါကထုံးစံအတိုင်းကြုံလို့ပြောပြတာပါ။

နှစ်သင်းစလုံးတန်းဆင်းဇုန်အထက်နားလေးရပ်တည်နေကြလို့ ရုန်းကန်ကြိုးစားနေကြပြီး ပွဲတိုင်းကို သေသေကျေကျေဖောင်ဖျက်တိုက်ပွဲဝင်နေကြတယ်။

နယူးကာဆယ်ဟာခံစစ်ပိုင်းယိုယွင်းလွန်းနေပြီးဝယ်ဆန်၊ အယ်မီရွန်တို့နာနေကြလို့ တိုက်စစ်အားလည်း ကျဆင်းနေမှာပါ။ ဘရိုက်တန်ကတော့ခံစစ်ယိုယွင်းပေမယ့်မော်ပေး၊ ဂရော့ဘ်တို့ရဲ့တိုက်စစ်အား မဆိုးဘူး။ ဂိုးမပြတ်ဘူးဆိုရင်တောင်ဘရိုက်တန်နိုင်ပါလိမ့်မယ်။

zawgyi




