တူထုသံတွေ ခဏတာဆိတ်သုဉ်းမယ့်ည

စနေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

ဘရိုက်တန် နှင့် ဝက်စ်ဟမ်း (ည ၁း၃၀)(အိုဇုန်း)

ဝက်စ်ဟမ်းရဲ့ နောက်ဆုံး၇ပွဲဆက်တိုက်ပထမပိုင်းကတည်းကသွင်းဂိုးအနည်းဆုံးတစ်ဂိုးဖြစ်ပေါ်ခဲ့တာချည်းပါပဲ။ဒါပေမဲ့လောလောဆယ်အားဖြင့်တော့ ဝက်စ်ဟမ်းရဲ့တိုက်စစ်ဂိုးသွင်းနိုင်လို့မဟုတ်ဘဲခံစစ်ကြောင်းကယိုယွင်းလွန်းနေတာကြောင့်လို့ဆိုရမယ်။

ဒါကြောင့်လည်းသူတို့ရဲ့နောက်ဆုံး ၄ပွဲမှာဝက်စ်ဟမ်း ၃ပွဲတောင်ရှုံးနိမ့်ခဲ့တာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးကြီးချိန်မှာတောင်ကြိုးစားနိုင်ခြင်းမရှိတဲ့ဝက်စ်ဟမ်းရဲ့အနေအထားကသိပ်ပြီးယုံကြည်ချင်စရာမကောင်းဘူး။

ဘရိုက်တန်ရဲ့အိမ်ကွင်းခြေစွမ်းကလည်းမာကျောတာကြောင့် ဝက်စ်ဟမ်းအလွန်ဆုံးသရေပါပဲ။တူထုသံတွေခဏတာဆိတ်သုဉ်းမယ့်ညပါ။

zawgyi

တူထုသံေတြ ခဏတာဆိတ္သုဥ္းမယ့္ည

စေနည အဂၤလန္ပရီးမီးယားလိဂ္ ပြဲစဥ္-၃၆ ပြဲႀကိဳသုံးသပ္ခ်က္

ဘ႐ိုက္တန္ ႏွင့္ ဝက္စ္ဟမ္း (ည ၁း၃၀)(အိုဇုန္း)

ဝက္စ္ဟမ္းရဲ႕ ေနာက္ဆုံး ၇ပြဲဆက္တိုက္ ပထမပိုင္းကတည္းက သြင္းဂိုးအနည္းဆုံးတစ္ဂိုး ျဖစ္ေပၚခဲ့တာခ်ည္းပါပဲ။ဒါေပမဲ့ ေလာေလာဆယ္အားျဖင့္ေတာ့ ဝက္စ္ဟမ္းရဲ႕တိုက္စစ္ ဂိုးသြင္းႏိုင္လို႔မဟုတ္ဘဲ ခံစစ္ေၾကာင္းက ယိုယြင္းလြန္းေနတာေၾကာင့္လို႔ဆိုရမယ္။ဒါေၾကာင့္လည္း သူတို႔ရဲ႕ေနာက္ဆုံး ၄ပြဲမွာ ဝက္စ္ဟမ္း ၃ပြဲေတာင္ရႈံးနိမ့္ခဲ့တာပါ။

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးႀကီးခ်ိန္မွာေတာင္ ႀကိဳးစားႏိုင္ျခင္းမရွိတဲ့ဝက္စ္ဟမ္းရဲ႕အေနအထားက သိပ္ၿပီးယုံၾကည္ခ်င္စရာမေကာင္းဘူး။ဘ႐ိုက္တန္ရဲ႕အိမ္ကြင္းေျခစြမ္းကလည္း မာေက်ာတာေၾကာင့္ ဝက္စ္ဟမ္း အလြန္ဆုံးသေရပါပဲ။တူထုသံေတြ ခဏတာဆိတ္သုဥ္းမယ့္ညပါ။