ရပ်တန့်ဖို့မရှိသေးတဲ့ အမြင့်ပျံစင်ရော်

တနင်္ဂနွေည အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက်

ဘရိုက်တန် နှင့် လီဗာပူး(ည ၈း၀၀)(မော်ကွန်း)

ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပရီးမီးယားလိဂ်မှာစစ်ခင်းခဲ့ကြတဲ့စင်ရော်တွေနဲ့ ကြိုးကြာနီတို့ဟာအက်ဖ်အေဖလားမှာပြန်ဆုံနေကြတာပါ။အဲဒီတုန်းကမယုံနိုင်ဖွယ် ၃ ဂိုးပြတ်အနိုင်ကိုရရှိခဲ့တဲ့နည်းပြဒီဇာဘီရဲ့အသင်းဟာပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲစလုံးမှာလည်းမရှုံးခဲ့ဘဲ ၃ ပွဲနိုင်ထားပါတယ်။

မိုဆာလာရုန်းကန်နေရချိန်ဒီရာသီလူသစ်တွေဖြစ်ကြတဲ့ဒါ၀င်နူနက်ဇ်နဲ့ဂက်ပိုတို့ကလည်းမစွံတာကြောင့်ကလော့ပ်ရဲ့အသင်းဟာနောက်ဆုံး ၃ ပွဲမှာ ၁ ဂိုးသာရခဲ့တာပါ။ဘရိုက်တန်အရပ်မှာကြိုးကြာနီတို့အတွက်နေရာမရှိသေးပါဘူး။

zawgyi




